
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၆ရက် (ဆင်ဟွာ)
အဆင့် သတ်မှတ်ချက်သည် လျင်မြန်စွာ မြင့်တက်လာကြောင်း ကုလသမဂ္ဂ၏ စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သော “၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် အစီရင်ခံစာ” ၌ ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ပထမအကြိမ် စစ်တမ်းနှင့် နှိုင်းယှဉ်ပါက ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် ၂၈ ခုအနက် အကြီးစားစစ်ပွဲများသည် အဆင့် ၁၆ သို့ မြင့်တက်လာပြီး အမြင့်ဆုံး မြင့်တက်မှု အများဆုံးဖြစ်သည်။ စစ်တမ်းဖြေဆိုသူ ၃၆ ရာခိုင်နှုန်းက အကြီးစားစစ်ပွဲများသည် တစ်နှစ်အတွင်း ဖြစ်ပွားနိုင်သည်ဟု ယူဆကြပြီး ၇၆ ရာခိုင်နှုန်းက ခုနစ်နှစ်အတွင်း ဖြစ်ပွားမည်ဟု ခန့်မှန်းကြသည်။ အဆင့် သိသိသာသာ မြင့်တက်လာသော အခြား အန္တရာယ်များမှာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်း၊ ထောက်ပံ့ရေးကွင်းဆက် ပြိုလဲမှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည်။ အဆင့် သိသိသာသာ ကျဆင်းလာသော အန္တရာယ်များမှာမူ ဇီဝမျိုးစုံမျိုးကွဲ ပျက်စီးယိုယွင်းမှု၊ သဘာဝပတ်ဝန်းကျင် ကျယ်ကျယ်ပြန့်ပြန့် ညစ်ညမ်းမှုနှင့် သဘာဝသယံဇာတ ရှားပါးမှုတို့ ဖြစ်သည်။
၂၀၂၆ ခုနှစ်အတွင်း စစ်တမ်းဖြေဆိုသူများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များအပေါ် အလေးထားမှုမှာ အနည်းငယ် လျော့ကျလာခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ သို့သော်လည်း ရာသီဥတုပြောင်းလဲမှုကို အရေးမယူခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် သဘာဝသယံဇာတ ရှားပါးမှုတို့ကို အရေးကြီးသော စိန်ခေါ်မှုများအဖြစ် ဆက်လက်ရှုမြင်ဆဲ ဖြစ်သည်။
ဤအစီရင်ခံစာသည် ကမ္ဘာတစ်ဝန်း ဒေသအသီးသီးရှိ အစိုးရများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂစနစ်အတွင်းမှ ခန့်မှန်းခြေ လူပေါင်း ၁,၃၀၀ ၏ စစ်တမ်းကို အခြေခံထားပြီး စစ်တမ်းဖြေဆိုရသူများအား နိုင်ငံရေး၊ နည်းပညာ၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဟူသော နယ်ပယ် ၅ ခုမှ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် စုစုပေါင်း ၂၈ ခု၏ ဖြစ်နိုင်ခြေ၊ ပြင်းထန်မှု၊ အရေးတကြီးလိုအပ်မှုနှင့် ဘက်စုံအဖွဲ့အစည်းများ၏ ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်စွမ်းတို့ကို အကဲဖြတ်ရန် ဖိတ်ကြားထားသည်။ (Xinhua)
................................
(Chinese Version)
联合国报告:大规模战争在全球风险排名中迅速攀升
新华社联合国9月15日电(记者尚绪谦)联合国15日发布的《2026年全球风险报告》显示,大规模战争在全球风险中的排名迅速攀升。
报告说,与2024年首次调查相比,28项全球风险中,大规模战争的排名攀升了16位,升幅最大。36%的受访者认为,大规模战争会在一年内发生,76%的受访者预计将在七年内发生。排名升幅较大的还有全球金融危机、供应链崩溃和网络空间安全问题。排名跌幅较大的则是生物多样性退化、大范围环境污染和自然资源匮乏。
报告指出,受访者2026年对环境风险的重视程度有所降低。尽管如此,气候变化不作为、自然灾害和自然资源短缺的风险仍被视为较为重要的挑战。
该报告基于对世界各地政府、商界、民间和联合国系统约1300人的调查,邀请受访者对政治、技术、经济、环境和社会5个领域的共28项全球风险的可能性、严重性、紧迫性、多边机构应变准备程度进行评估。(完)
图说:3月14日,在加沙城一处临时帐篷营地,民众冒着沙尘天气出行。 新华社发(里泽克·阿卜杜勒贾瓦德摄)








