
နယူးယောက်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ငွေကြေးဖောင်းပွမှုအခြေအနေက ဈေးကွက်စိုးရိမ်မှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်စေပြီး အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းများ တိုးမြှင့်လိမ့်မည်ဟူသော မျှော်လင့်ချက်များကြောင့် အမေရိကန် ၁၀ နှစ်သက်တမ်း နိုင်ငံတော်ငွေတိုက်စာချုပ် အမြတ်နှုန်းသည် စက်တင်ဘာ ၁၅ ရက် နံနက်အစောပိုင်းတွင် ၅.၀၄၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး ၂၀၀၇ ခုနှစ် ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့သည်။
အချက်အလက်များအရ အမေရိကန် ၁၀ နှစ် သက်တမ်း နိုင်ငံတော်ငွေတိုက်စာချုပ် အမြတ်နှုန်းသည် ထိုနေ့ နံနက်ပိုင်းတွင် အနည်းငယ်ပြန်ကျသွားသော်လည်း ခြုံငုံကြည့်လျှင် ၅ ရာခိုင်နှုန်း အထက်တွင်ပင် တည်ရှိနေဆဲဖြစ်သည်။ အမေရိကန် ၃၀ နှစ် သက်တမ်း နိုင်ငံတော်ငွေတိုက်စာချုပ် အမြတ်နှုန်းကလည်း ထိုနေ့တွင် ၅.၄၀၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး ၂၀၀၇ ခုနှစ် ဇွန်လနောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့သည်။
အမေရိကန်ဗဟိုဘဏ်သည် စက်တင်ဘာ ၁၆ ရက်တွင် ပြီးဆုံးမည့် အတိုးနှုန်းဆိုင်ရာ အစည်းအဝေး၌ အတိုးနှုန်း ၂၅ အခြေခံပွိုင့် (BPS) မြှင့်တင်ရန် ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း ကျော်ရှိသည်ဟု Chicago Mercantile Exchange ၏ FedWatch ကိရိယာက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သော သတင်းအချက်အလက်တွင် ဖော်ပြသည်။
၁၀ နှစ်သက်တမ်း နိုင်ငံတော်ငွေတိုက်စာချုပ် အမြတ်နှုန်းသည် အိမ်ရာအပေါင်ခံချေးငွေ၊ မော်တော်ကားချေးငွေနှင့် ခရက်ဒစ်ကတ် အတိုးနှုန်းများနှင့် နီးကပ်စွာဆက်စပ်နေသောကြောင့် အမေရိကန် နိုင်ငံတော်ငွေတိုက်စာချုပ် ဈေးကွက်၏ နောက်ဆုံးအလားအလာများမှာ စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေသည်။
အမေရိကန် Interactive Brokers ဈေးကွက်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေးပညာရှင် Steve Sosnick က ရိုးရိုးရှင်းရှင်းပြောရလျှင် ရေနံဈေးတက်ခြင်းက ငွေကြေးဖောင်းပွမှုမျှော်လင့်ချက်ကို မြင့်တက်စေပြီး ရေနံဈေးကျခြင်းက ငွေကြေးဖောင်းပွမှုမျှော်လင့်ချက်ကို နိမ့်ကျစေသည်ဟု ပြောကြားသည်။ သာမန်အားဖြင့် ဤနှစ်ခုဆက်စပ်မှုသည် ယခုကဲ့သို့ တိတိပပမရှိသော်လည်း လက်ရှိတွင် ရေနံဈေးနှင့် ကမ္ဘာ့ငွေကြေးဖောင်းပွမှုအခြေအနေနှစ်ခုစလုံးသည် ပထဝီနိုင်ငံရေး တွန်းအားပေးမှုကို ခံနေရသောကြောင့် ဤနှစ်ခု ဆက်စပ်မှုကို သိသိသာသာ အားကောင်းစေသည်ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
美国10年期国债收益率一度升至2007年以来高点
新华社纽约9月15日电(记者刘亚南)由于通胀形势持续引发市场担忧和美国联邦储备委员会加息预期推动,美国10年期国债收益率在15日凌晨升至5.045%,为2007年7月以来的最高水平。
数据显示,美国10年期国债收益率在当日早间有所回落,但整体维持在5%上方。美国30年期国债收益率当日一度升至5.402%,为2007年6月以来高点。
芝加哥商品交易所美联储观察工具15日发布的信息显示,美联储将在16日结束的议息会议上宣布加息25个基点的概率超过90%。
由于10年期国债收益率与住房抵押贷款、汽车贷款和信用卡贷款利率联系紧密,美国国债市场最新走势引发广泛担忧。
美国盈透证券首席市场分析师史蒂夫·索斯尼克表示,简单来说,油价上涨推高通胀预期,油价下跌压低通胀预期。通常情况下,两者的关联不会像现在这么清晰,但目前油价和全球通胀形势都受到地缘政治驱动,导致两者的相关性显著增强。(完)
图说:这是4月15日在美国纽约拍摄的纽约和新泽西港。纽约和新泽西港是美国东北部最大的贸易和货物进出口中心。新华社记者 张凤国 摄








