အမေရိကန်နိုင်ငံ အတ္တလန်တာမြို့ရှိ အတ္တလန်တာအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က အာဂျင်တီးနားအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီ ပရိသတ်များအား နှုတ်ဆက်နေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အတ္တလန်တာမြို့ရှိ အတ္တလန်တာအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က အာဂျင်တီးနားအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီ ပရိသတ်များအား နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အာဂျင်တီးနားအသင်းအတွက် နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် လာမည့်အောက်တိုဘာလ၌ ယှဉ်ပြိုင်ကစားမည့် အိမ်ကွင်းခြေစမ်းပွဲတွင် လီယွန်နယ် မက်ဆီ ပါဝင်မည်ဟု အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် (AFA) က စက်တင်ဘာ ၁၅ ရက်၌ ကြေညာခဲ့သည်။

အသက် ၃၉ နှစ်အရွယ် မက်ဆီအနေဖြင့် ဗျူနိုအေးရိစ်မြို့ရှိ မိုနူမန်တယ် အားကစားကွင်း၌ အောက်တိုဘာ ၆ ရက်တွင် ဘီနင်အသင်းနှင့် ပွဲစဉ်၌ ပါဝင်ကစားပြီးနောက် လက်ရွေးစင်အသင်း ကစားသမားဘဝမှ အနားယူမည်ဖြစ်သည်။

"ကမ္ဘာ့အကောင်းဆုံး ကစားသမား၊ အာဂျင်တီးနားအသင်းရဲ့ အမှတ်သင်္ကေတပုံရိပ်နဲ့ အသင်းခေါင်းဆောင် လီယွန်နယ် အန်ဒရက်စ် မက်ဆီကို အာဂျင်တီးနားမြေမှာ ပြုလုပ်မယ့် ထိုက်တန်တဲ့ ဂုဏ်ပြုနှုတ်ဆက်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်" ဟု AFA ဥက္ကဋ္ဌ ကလော်ဒီယို တာပီယာက ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ အာဂျင်တီးနားအသင်းက စပိန်အသင်းကို အချိန်ပိုတွင် ရှုံးနိမ့်ခဲ့ပြီး သီတင်းပတ် ၆ ပတ်အကြာ၊ လွန်ခဲ့သောလ၌ မက်ဆီက လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အာဂျင်တီးနားအသင်းအနေဖြင့် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ဖီဖာနိုင်ငံတကာ ရက်သတ္တပတ်အတွင်း ကော်ဒိုဘာမြို့တွင် ဘိုလီဗီးယားအသင်းနှင့်လည်းကောင်း၊ ဗျူနိုအေးရိစ်မြို့တွင် ဘာကီနာဖာဆိုအသင်းနှင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အများမျှော်လင့်ထားသည့်အတိုင်းပင် အသင်းလူစာရင်း၌ ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်၊ နောက်ခံလူ ခရစ်ရှန် ရိုမဲရိုး၊ ကွင်းလယ်လူများဖြစ်သော အန်ဇို ဖာနန်ဒက်ဇ်နှင့် ရိုဒရီဂို ဒီပေါလ်တို့အပြင် တိုက်စစ်မှူးများဖြစ်သည့် ဟူလီယန် အယ်လ်ဗာရက်ဇ်နှင့် လော်တာရို မာတီနက်ဇ်တို့လည်း ပါဝင်လာခဲ့သည်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ရုတ်ရုတ်သဲသဲဖြစ်ပွားမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံနေရသည့် လီယန်ဒရို ပါရီဒက်စ်၊ နာဟူရယ် မိုလီနာနှင့် သီယာဂို အယ်လ်မာဒါတို့မှာမူ အသင်းလူစာရင်း၌ ပါဝင်ခဲ့ခြင်းမရှိပေ။ (Xinhua)

အမေရိကန်နိုင်ငံ ကန်းဆက်စ်စီးတီးရှိ ကန်းဆက်စ်စီးတီး အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်က အာဂျင်တီးနားအသင်းနှင့် အယ်လ်ဂျီးရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု-J ပွဲစဉ်တွင် အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကန်းဆက်စ်စီးတီးရှိ ကန်းဆက်စ်စီးတီး အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်က အာဂျင်တီးနားအသင်းနှင့် အယ်လ်ဂျီးရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု-J ပွဲစဉ်တွင် အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

..................................

(English Version)

Messi to bid farewell in October friendly

BUENOS AIRES, Sept. 15 (Xinhua) -- Lionel Messi will make his farewell appearance for Argentina in a home friendly next month, the Argentine Football Association (AFA) said on Tuesday.

The 39-year-old will bow out against Benin at the Monumental Stadium in Buenos Aires on October 6.

"We invited the best player in the world to play, the icon of our national team, our captain Lionel Andres Messi, to have a deserved farewell ... here in Argentina," AFA President Claudio Tapia said on social media.

Messi announced his retirement from international football last month, six weeks after Argentina's extra-time loss to Spain in the World Cup final.

Argentina will also play Bolivia in Cordoba and Burkina Faso in Buenos Aires during the next FIFA international window, which runs from September 21 to October 6.

As expected, the squad includes goalkeeper Emiliano Martinez, defender Cristian Romero, midfielders Enzo Fernandez and Rodrigo De Paul, and strikers Julian Alvarez and Lautaro Martinez.

The absentees include Leandro Paredes, Nahuel Molina and Thiago Almada, who are serving suspensions for their part in a melee after the World Cup final.

Photo caption 1: Lionel Messi of Argentina greets spectators before the semifinal match between Argentina and England at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 15, 2026. (Xinhua/Li Ming)

Photo caption 2: Lionel Messi of Argentina celebrates his score during the group J match between Argentina and Algeria at the FIFA World Cup 2026 at Kansas City Stadium in Kansas City, the United States, June 16, 2026. (Xinhua/Du Yu)