ဆူဗာ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံအစိုးရက HIV ရောဂါဖြစ်ပွားမှုသည် အဆိုပါနိုင်ငံ၌ အမျိုးသား အရေးပေါ် အခြေအနေဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာအရေအတွက် ပမာဏအများအပြား မြင့်တက်လာသော အလားအလာကို တားဆီးပြီး လူမှုအသိုက်အဝန်းအတွင်းရှိ ပြည်သူများအား ကာကွယ်ရန်အတွက် အစိုးရတစ်ရပ်လုံး အလွှာစုံ၌ ညှိနှိုင်းရင်ဆိုင်သည့် အစီအမံကို စတင်ခဲ့သည်။

ဖီဂျီနိုင်ငံ ကျန်းမာရေးဝန်ကြီး Ratu Atonio Lalabalavu က ထိုနေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ ၂၀၂၅ ခုနှစ်တွင် ဖီဂျီနိုင်ငံ၌ အသစ်ထပ်တိုးသည့် HIV ဗိုင်းရပ်စ် ကူးစက်ခံရသော လူနာအရေအတွက်မှာ ၂,၀၁၆ ဦးရှိကြောင်း၊ အဆိုပါကိန်းဂဏန်းသည် ၂၀၁၉ ခုနှစ်၏ ၁၆ ဆဖြစ်ကြောင်း၊ ခန့်မှန်းချက်အရ လက်ရှိတွင် အရွယ်ရောက်ပြည်သူ ၆၀ ဦးတိုင်းလျှင် ၁ ဦးက HIV ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်က အဆိုပါအချိုးအဆမှာ ၁၆၇ ဦးလျှင် ၁ ဦးဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အုပ်စုတွင် လူ ၁၀၀ ဦးအနက် ၂ ဦးမှ, HIV ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း ပြောကြားခဲ့သည်။

အမျိုးသားအဆင့် တုံ့ပြန်ရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖီဂျီနိုင်ငံ နိုင်ငံတစ်ဝန်း စီမံအုပ်ချုပ်မှုဒေသ ၄ ခုလုံးတွင် အခမဲ့ဖြစ်သည့်အပြင် လျှို့ဝှက်ထားသော HIV ရောဂါစမ်းသပ်မှု၊ ကြိုတင်ကာကွယ်မှု၊ ကုသမှုနှင့် သူနာပြုဝန်ဆောင်မှုများ ပံ့ပိုးပေးမည်ဟု Ratu Atonio Lalabalavu က ပြောကြားခဲ့သည်။

HIV ရောဂါစမ်းသပ်မှုသည် မိမိဆန္ဒအလျောက်လုပ်ဆောင်ခြင်းနှင့် လျှို့ဝှက်ထားခြင်းဟူသော အခြေခံမူကို လိုက်နာထားပြီး တစ်ကိုယ်ရေ ကူးစက်မှုအခြေအနေသည် ဥပဒေအရ ကာကွယ်ပေးခံထားရမှုအောက်တွင်ရှိကြောင်း၊ HIV ဗိုင်းရပ်စ် ကူးစက်ခံထားရသူများအား ခွဲခြားဆက်ဆံသည့်လုပ်ရပ်သည် ဥပဒေချိုးဖောက်ရာကျကြောင်း Ratu Atonio Lalabalavu က ပြောကြားခဲ့သည်။ ဖီဂျီပြည်သူများအနေဖြင့် HIV ဗိုင်းရပ်စ် စမ်းသပ်မှု လာရောက် လုပ်ဆောင်ပြီး မိမိနှင့် အခြားသူများကျန်းမာရေးအား ကာကွယ်စောင့်ရှောက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

斐济宣布艾滋病疫情构成国家危机

新华社苏瓦9月15日电(记者郭鑫惠)斐济政府15日宣布艾滋病疫情已经构成该国国家危机,并启动全政府层面的协同应对措施,以遏制艾滋病病毒感染病例大幅攀升的势头,保护社区民众。  

斐济卫生部长阿托尼奥·拉拉巴拉武当天召开新闻发布会说,2025年斐济新增艾滋病病毒感染病例2016例,这一数字是2019年的16倍。据估计,目前每60名成年人中就有1人感染艾滋病病毒,而五年前这一比例为167分之一;在孕妇群体中,每100人中就有2人感染艾滋病病毒。  

拉拉巴拉武说,作为国家应对行动的一部分,斐济全国四个行政区均可提供免费且保密的艾滋病检测、预防、治疗及护理服务。  

拉拉巴拉武说,艾滋病检测遵循自愿和保密原则,个人感染情况受法律保护,针对艾滋病病毒感染者的歧视行为属于违法。他呼吁斐济民众主动进行艾滋病病毒检测,守护自身和他人健康。(完)