ဗီယက်နမ်နိုင်ငံ Dak Lak ပြည်နယ်ရှိ ပြည်ထောင်စုအဝေးပြေးလမ်းမကြီးအပိုင်းတစ်ပိုင်း ရေကြီးမှုကြောင့် ပျက်စီးနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-VNA/Handout via Xinhua)
ဗီယက်နမ်နိုင်ငံ Dak Lak ပြည်နယ်ရှိ ပြည်ထောင်စုအဝေးပြေးလမ်းမကြီးအပိုင်းတစ်ပိုင်း ရေကြီးမှုကြောင့် ပျက်စီးနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-VNA/Handout via Xinhua)

ဟနွိုင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် စပါးနှင့် အခြားကောက်ပဲသီးနှံ ဧရိယာ ဟက်တာ ၁,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်နှင့် ကြက်၊ ဘဲ အကောင်ရေ ၁,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက စက်တင်ဘာ ၁၆ ရက်၌ ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင်  Quang Tri ၊ Thanh Hoa ပြည်နယ်များနှင့် Hue မြို့တို့တွင် အိမ်ခြေ ၁,၀၀၀ နီးပါး ရေနစ်မြုပ်ခြင်း သို့မဟုတ် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ဗီယက်နမ် သဘာဝဘေးနှင့် တာတမံစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

Quang Tri ပြည်နယ်တွင် မွေးမြူရေးတိရစ္ဆာန်များနှင့် ကြက်၊ ဘဲ အကောင်ရေ စုစုပေါင်း ၁,၂၅၁ ကောင်အထိ သေဆုံးခြင်း သို့မဟုတ် ရေစီးနှင့်မျောပါသွားခြင်းများ ဖြစ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါဒေသရှိ ပြည်ထောင်စုအဝေးပြေးလမ်းမကြီးများနှင့် ပြည်နယ်အတွင်းလမ်းများ စုစုပေါင်း ၁၁ လမ်း ရေကြီးနစ်မြုပ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Flooding wreaks havoc in central Vietnam

HANOI, Sept. 16 (Xinhua) -- Torrential rain and flooding have wreaked havoc in Vietnam's central region, damaging more than 1,000 hectares of rice and other crops and killing more than 1,000 livestock and poultry, the Vietnam News Agency reported Wednesday.

Meanwhile, nearly 1,000 houses had been inundated or damaged in Quang Tri, Quang Tri, Thanh Hoa provinces and Hue City, according to the Vietnam Disaster and Dyke Management Authority.

Up to 1,251 livestock and poultry had died or been swept away in Quang Tri province, the report said.

Eleven national highways and provincial roads in the region had been flooded, causing traffic disruptions.

Photo caption: This photo taken on Nov. 22, 2025 shows a section of national highway damaged by flood in Dak Lak Province, Vietnam (VNA/Handout via Xinhua)