ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ္မာဘတ်၌ကျင်းပသည့် မော်တော်ယာဉ်ပြပွဲတစ်ခုတွင် ပြသထားသည့် မော်တော်ယာဉ်များကို ၂၀၂၃ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ္မာဘတ်၌ကျင်းပသည့် မော်တော်ယာဉ်ပြပွဲတစ်ခုတွင် ပြသထားသည့် မော်တော်ယာဉ်များကို ၂၀၂၃ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်မော်တော်ကားထုတ်လုပ်သူများအသင်း (PAMA) မှ စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမနှစ်လဖြစ်သည့် ဇူလိုင်နှင့် သြဂုတ်လများတွင် ပါကစ္စတန်နိုင်ငံ၏ ခရီးသည်တင်ကားရောင်းချရမှုမှာ ယခင်နှစ်ကာလတူထက် ၈၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပြီး အစီးရေ ၃၀,၉၃၃ စီး ရောင်းချခဲ့ရကြောင်းသိရသည်။

အဆိုပါကာလအတွင်း ခရီးသည်တင်ကားထုတ်လုပ်မှုအနေဖြင့်လည်း ယခင်နှစ်ကာလတူထက် ၃၆ ရာခိုင်နှုန်း တိုးလာပြီး အစီးရေ ၃၀,၅၇၄ စီး ရှိခဲ့သည်။

ကုန်တင်ကားရောင်းအားအနေဖြင့်လည်း ၈၁ ရာခိုင်နှုန်း မြင့်တက်ပြီး အစီးရေ ၁,၆၅၆ စီး၊ ဘတ်စ်ကား ရောင်းအားမှာ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး အစီးရေ ၁၃၈ စီး ရောင်းချခဲ့သောကြောင့် ကုန်တင်ကားနှင့်ဘတ်စ်ကား စုစုပေါင်း ရောင်းအား ၇၃ ရာခိုင်နှုန်း မြင့်တက်ကာ အစီးရေ ၁,၇၉၄ စီး ရှိခဲ့သည်။ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်ရောင်းအားမှာ ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစီးရေ ၃၅၁,၄၉၂ စီး ရှိခဲ့သည်။ ထွန်စက်ရောင်းအားအနေဖြင့်မူ ၅ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီး အစီးရေ ၂,၂၉၄ စီး ရှိခဲ့သော်လည်း ထုတ်လုပ်မှုမှာ ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ ရောင်းအားမြင့်တက်လာမှုသည် ငွေကြေးဖောင်းပွမှုဖိအားလျော့ပါးလာခြင်း၊ ချေးငွေရယူနိုင်မှု ပိုမိုလွယ်ကူလာခြင်းနှင့် မက်ခရိုစီးပွားရေးဆိုင်ရာအညွှန်းကိန်းများပိုကောင်းလာခြင်းတို့ကြောင့်ဖြစ်ကြောင်း PAMA ၏ ညွှန်ကြားရေးမှူးချုပ် Razi-ur-Rehman က သုံးသပ်ပြောကြားခဲ့သည်။

ယခုတိုးတက်မှုသည် ယခင်နှစ်က ရောင်းချရမှုနည်းပါးခဲ့ခြင်းကို ထင်ဟပ်နေခြင်းသာဖြစ်ပြီး စက်မှုလုပ်ငန်း၏ ထုတ်လုပ်ရောင်းချမှုပမာဏမှာ ၂၀၂၂ ဘဏ္ဍာနှစ်တွင် စံချိန်တင်ခဲ့သည့်အရေအတွက်အောက်၌သာ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဩဂုတ်တစ်လတည်း ကားရောင်းအားတွင်မူ ဇူလိုင်နှင့် နှိုင်းယှဉ်ပါက ၂၀.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၃,၇၁၇ စီးသာ ရောင်းချခဲ့သည်။ ဇွန်လတွင် "၂၀၂၁-၂၀၂၆ မော်တော်ကားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်အစီအစဉ်" သက်တမ်းကုန်ဆုံးပြီးနောက် ထုတ်လုပ်သူများနှင့်ဝယ်ယူသူများက ဟိုက်ဘရစ်၊ လျှပ်စစ်အားသွင်းနိုင်သောဟိုက်ဘရစ်ကား (plug-in hybrid) နှင့် ခရီးဝေးဝေးမောင်းနိုင်မည့်လျှပ်စစ်ယာဉ်များအပေါ် အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ ရှင်းလင်းသည့်မူဝါဒသိရှိရန် စောင့်ဆိုင်းနေကြသောကြောင့် ဖြစ်သည်။ ဩဂုတ်လအတွင်း ဂျစ်ကားနှင့် ပစ်ကပ်ကားရောင်းအားများ ၂၉.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ထွန်စက်ရောင်းအားမှာလည်း ၁၅.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

မူဝါဒပိုင်းမသေချာမရေရာမှုများကြောင့် စားသုံးသူများက ကားဝယ်ယူရန်ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ထားကြသောကြောင့် ထုတ်လုပ်သူများထံတွင် ရောင်းမထွက်သေးသော ကားလက်ကျန်များ ရှိနေကြောင်း PAMA က ပြောကြားခဲ့သည်။ (Xinhua)

…………….

(English Version)

Pakistan's auto sales jump nearly 80 pct in first 2 months of FY2026-27

ISLAMABAD, Sept. 15 (Xinhua) -- Pakistan's passenger car sales rose nearly 80 percent year on year to 30,933 units in July and August, the first two months of the 2026-27 fiscal year, according to data released by the Pakistan Automotive Manufacturers Association (PAMA) on Monday.

Passenger car production also increased 36 percent year on year to 30,574 units over the same period.

Truck sales rose 81 percent to 1,656 units and bus sales rose 9 percent to 138 units, taking combined truck and bus sales up 73 percent to 1,794 units. Motorcycle and three-wheeler sales climbed 29 percent to 351,492 units, while tractor sales edged up 5 percent to 2,294 units even as tractor production fell 17 percent.

PAMA director general Razi-ur-Rehman attributed the growth to easing inflationary pressures, improving credit availability and better macroeconomic indicators.

He said the growth reflected a low base from the previous year, with industry volumes still below the record levels recorded in fiscal year 2022.

However, car sales fell 20.3 percent in August alone compared with July, to 13,717 units, as manufacturers and buyers continued to await clarity on the tax treatment of hybrid, plug-in hybrid and range-extended electric vehicles following the expiry of the Automotive Industry Development and Export Plan 2021-2026 in June. Jeep and pickup sales fell 29.2 percent and tractor sales fell 15.3 percent over the same month.

The policy uncertainty has left manufacturers holding unsold inventory as consumers delay purchase decisions, according to the association.

Photo caption: Vehicles are seen during an auto show in Islamabad, capital of Pakistan on March 5, 2023. (Xinhua/Ahmad Kamal)