
ဝါရှင်တန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် စက်တင်ဘာ ၁၄ ရက်က လူမှုကွန်ရက်တွင် ပို့စ်အများအပြား တင်ကာ ၎င်း၏ အီရန်အပေါ် မူဝါဒအား ကာကွယ်ပြောကြားခဲ့သည်။ အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် "လမ်းဖွင့်ထားသည့်" သဘောထားရှိကြောင်း ထရမ့်က ပြောကြားခဲ့သလို ဟော်မုဇ်ရေလက်ကြားတွင် ရေနံသယ်ယူပို့ဆောင်ရေးကို အမေရိကန်က ကူညီပေးနေခြင်းဖြစ်ရာ နိုင်ငံအသီးသီးအနေဖြင့် အမေရိကန်သို့ "သင်္ဘောခြံရံ စောင့်ရှောက်ခ လျော်ကြေး" ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
အီရန်သည် သဘောတူညီချက်ရရှိရန် "အလွန်အမင်း" လိုလားနေကြောင်း၊ "ကျွန်တော်တို့အနေနဲ့ ဒီအဆိုပြုချက်အပေါ် ပွင့်လင်းတဲ့ သဘောထား လက်ကိုင်ထားပါတယ်" ဟု ထရမ့်က ပြောခဲ့သည်။ ထိုမတိုင်မီ ထရမ့်က အမေရိကန်နှင့် အီရန်ကြား စစ်ပွဲမှာ နိုဝင်ဘာလ အမေရိကန်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ ပြီးစီးသည်နှင့် "ချက်ချင်း ပြီးဆုံးမည်" ဖြစ်ပြီး အီရန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန်မှာ " အဲဒါ ကျွန်တော်တို့ လက်ရှိစဉ်းစားနေတဲ့ ကိစ္စမဟုတ်ဘူး" ဟု ပြောကြားခဲ့ဖူးသည်။
ထို့အပြင် အမေရိကန်နိုင်ငံတစ်ဝန်း ကုန်ဈေးနှုန်းများ ယေဘုယျအားဖြင့် မြင့်တက်လာခြင်းသည် ၎င်း၏ တာဝန်မဟုတ်ဘဲ ဘိုင်ဒန်အစိုးရ၏ အမှားကြောင့်သာ ဖြစ်ကြောင်း ထရမ့်က ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းက "ရေနံဈေးနှုန်း ခေတ္တမျှ မြင့်တက်နေတာကလွဲလို့ အခြား ကုန်ဈေးနှုန်းတွေဟာ အရှိန်အဟုန်နဲ့ ပြန်လည်ကျဆင်းနေပါတယ်။ အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြီးဆုံးတာနဲ့ ရေနံဈေးနှုန်းလည်း အကြီးအကျယ် ပြန်လည်ကျဆင်းသွားမှာပါ" ဟု ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် ရေနံတင်သင်္ဘောများ ဟော်မုဇ် ရေလက်ကြားအား ဖြတ်သန်းသွားလာနိုင်ရေးအတွက် ကူညီပေးနေကြောင်း၊ "နိုင်ငံအသီးသီးအနေနဲ့ ပဋိပက္ခပြီးဆုံးချိန်မှာ အမေရိကန်ကို လျော်ကြေးပေးသင့်ပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်သည် အီရန်နှင့် စစ်ပွဲကြောင့် အမေရိကန်စစ်တပ်တွင် ခဲယမ်းမီးကျောက် လိုအပ်ချက်များ ဖြစ်ပေါ်နေသည်ကို ငြင်းဆိုခဲ့ပြီး လက်ရှိတွင် အမေရိကန် ထုတ်လုပ်နေသည့် ခေတ်မီလက်နက်များမှာ "သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင် ပမာဏ" ရှိပြီး ထိုလက်နက်များကို အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများရှိ အမေရိကန် စစ်တပ်များထံ နေ့စဉ်ပို့ဆောင်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
------------------
(Chinese Version)
特朗普称愿与伊朗谈判 提出美方要收“护航补偿”
新华社华盛顿9月14日电(记者黄强 徐剑梅)美国总统特朗普14日在社交媒体发布多条帖文为其对伊朗政策辩护。特朗普称对与伊朗谈判持“开放”态度,并称美方在霍尔木兹海峡帮助石油运输,各国应对美进行“护航补偿”。
特朗普称,伊朗“迫切”希望达成协议,“我们对这一设想持开放态度”。此前,特朗普称,美伊战事将在11月美国国会中期选举完成后“立即结束”,同伊朗恢复谈判“并非我们目前考虑的事情”。
特朗普还称,全美普遍物价上涨不是他的责任,并将其归罪于拜登政府。他称,“除油价暂时处于高位外,其他物价正在大幅回落,一旦与伊朗的军事冲突结束,油价也将直线暴跌”。他还宣称,美国正在帮助油轮通过霍尔木兹海峡,“各国应当在冲突结束后对美国进行补偿”。
此外,特朗普否认美军因伊朗战事出现弹药短缺问题,称美国目前生产的先进武器“数量创下历史新高”,这些武器每天都被运往中东及其他地区的美军部队。
图说 :4月30日,在美国加州洛杉矶县阿尔汉布拉,车辆从一家加油站的油价牌旁驶过。新华社发(邱晨摄)








