
ဝါရှင်တန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ပနားမားနိုင်ငံအလံ လွှင့်ထူထားသော ရေနံတင်သင်္ဘောတစ်စင်းသည် ဟော်မုဇ် ရေလက်ကြားတွင် မကြာသေးမီက ရေမြှုပ်မိုင်း ထိမှန်ခဲ့သည်ဆိုခြင်းကို အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က စက်တင်ဘာ ၁၄ ရက်တွင် လူမှုကွန်ရက်၌ စာရေးထုတ်ပြန်၍ ငြင်းဆိုခဲ့သည်။
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ ယခင် ထုတ်ပြန်ပြောကြားချက်များသည် ဖြစ်ရပ်မှန်နှင့် ကိုက်ညီမှု မရှိကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ပြောကြားခဲ့သည်။ ထိုရေနံတင်သင်္ဘောသည် ပြီးခဲ့သောလကပင် အီရန်၏ ဒုံးကျည် တိုက်ခိုက်မှုကြောင့် ခရီးစဉ်မောင်းနှင်နိုင်စွမ်း ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး အီရန်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အိုမန်ကမ်းလွန်ရေပြင်၌ ကျောက်ဆူးချရပ်နားထားသော အဆိုပါ ရေနံတင်သင်္ဘောအား မောင်းသူမဲ့လေယဉ်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ရေနံတင်သင်္ဘောကို အမေရိကန်၏ ဒေသတွင်း မိတ်ဖက်က ဆွဲငင်ခေါ်ဆောင်လျက်ရှိကြောင်း သိရသည်။
အီရန် Fars News Agency ၏ စက်တင်ဘာ ၁၄ ရက် အစောပိုင်း သတင်းဖော်ပြချက်အရ "Al Gaya" ဟု အမည်ရသော ရေနံတင်သင်္ဘောတစ်စင်းသည် ဟော်မုဇ် ရေလက်ကြား တောင်ပိုင်း "ရေကြောင်းသွားလာခွင့် ပိတ်ပင်ထားသော ရေပြင်" ကို ဖြတ်သန်းရန် ကြိုးပမ်းစဉ် ရေမြှုပ်မိုင်း ထိမှန်ခဲ့ပြီးနောက် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ဘက်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
------------------------------------------
(Chinese Version)
美军否认一艘油轮近期在霍尔木兹海峡触雷
新华社华盛顿9月14日电(记者黄强 徐剑梅)美军中央司令部14日在社交媒体发文否认一艘悬挂巴拿马国旗的油轮近期在霍尔木兹海峡触碰水雷。
美军中央司令部称,伊朗伊斯兰革命卫队此前相关说法不符合事实。这艘油轮上个月就遭伊朗导弹袭击而丧失航行能力,伊朗上周末使用无人机对停泊在阿曼沿海水域的该油轮再次发动袭击。目前,该油轮正由美方的地区伙伴拖曳。
据伊朗法尔斯通讯社14日早些时候报道,伊朗伊斯兰革命卫队方面表示,一艘名为“阿尔加亚”的油轮试图通过霍尔木兹海峡南部“禁航区域”时,触碰水雷后爆炸起火。
图说 :这是2025年2月19日拍摄的霍尔木兹海峡的资料照片。新华社记者汪强摄








