
ဗီယင်နာ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲရေးဌာန (CNSA) ၊ ဗီယင်နာရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့၊ အခြားသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အာကာသရေးရာဌာနတို့သည် စက်တင်ဘာ ၁၄ ရက်တွင် ဗီယင်နာမြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး တရုတ်နိုင်ငံက “Chang'e-6” မှ စုဆောင်းရရှိထားသည့် လူသားတို့၏ ပထမဆုံးသော လကမ္ဘာအနောက်ဘက်ခြမ်းမှ လမြေသားနမူနာများကို ကုလသမဂ္ဂသို့ တရားဝင် လက်ဆောင်ပေးအပ်ခဲ့သည်။ ဗီယင်နာရှိ နိုင်ငံတကာ အဖွဲ့အစည်းများ၏ တာဝန်ရှိသူများ၊ နိုင်ငံအသီးသီးမှ အမြဲတမ်း ကိုယ်စားလှယ်များနှင့် ဗီယင်နာမြို့ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ စသည့် စုစုပေါင်း ဧည့်သည်တော် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ (Xinhua)
..........................
(Chinese Version)
共襄月壤、共赴未来——“嫦娥六号”月背月壤样品落户维也纳联合国总部
新华社照片,维也纳,2026年9月15日
中国国家航天局、中国常驻维也纳联合国和其他国际组织代表团以及联合国外空司9月14日在维也纳联合国总部举行交接仪式,中国将“嫦娥六号”采集的人类首批月背月壤样品正式赠送联合国。维也纳各国际组织负责人、各国常驻代表、维也纳各界代表等400余名嘉宾出席。
图说1:9月14日,在奥地利维也纳,一名男子拍摄月壤样品。新华社记者 贺灿铃 摄
图说2:这是9月14日在奥地利维也纳拍摄的“嫦娥六号”采集的人类首批月背月壤样品。新华社记者 贺灿铃 摄








