ယီမင်နိုင်ငံ Hadramout ပြည်နယ် Al-Wadiah စစ်အခြေစိုက်စခန်းအနီး၌ စစ်ဘက်သုံးကုန်တင်ကားအချို့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- Houthi Media Center/Handout via Xinhua)
ယီမင်နိုင်ငံ Hadramout ပြည်နယ် Al-Wadiah စစ်အခြေစိုက်စခန်းအနီး၌ စစ်ဘက်သုံးကုန်တင်ကားအချို့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- Houthi Media Center/Handout via Xinhua)

ကူဝိတ်စီးတီး၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ဘက်မြို့ဖြစ်သော Khamis Mushait ရှိ ဘုရင်ခါလစ်လေတပ်စခန်းသို့ ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းအစင်း ဒါဇင်ပေါင်းများစွာကို ပစ်လွှတ်ခဲ့သည်ဟု ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်ရှိ Almasirah ရုပ်မြင်သံကြားဌာနက စက်တင်ဘာ ၁၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါတိုက်ခိုက်မှု၏ ပစ်မှတ်များမှာ လေတပ်စခန်းအတွင်းရှိ တိုက်လေယာဉ် ဂိုဒေါင်များ၊ ရေဒါစနစ်များ၊ ပြေးလမ်းများနှင့် လက်နက်ခဲယမ်းတိုက်များ ဖြစ်ကြောင်း၊ တိုက်ခိုက်မှုသည် “တိကျပြီး တိုက်ရိုက်ထိမှန်ကာ ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်” ဟု ဟူသီလက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea ၏ ကြေညာချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။

Sarea က ၎င်း၏ကြေညာချက်တွင် ယင်းလှုပ်ရှားမှုသည် ယီမင်အပေါ် ဆော်ဒီအာရေဗျ၏ လေကြောင်းတိုက်ခိုက်မှုများ စဉ်ဆက်မပြတ် မြှင့်တင်လုပ်ဆောင်လာသည့်အတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လတ်တလောတွင် ဆော်ဒီအာရေဗျလေတပ်၏ F-15 တိုက်လေယာဉ်များနှင့် “တိုင်ဖွန်း” တိုက်လေယာဉ်များသည် Khamis Mushait နှင့် Taif လေတပ်စခန်းများမှ ပျံတက်ကာ ယီမင်နိုင်ငံ ပြည်နယ်အများအပြားကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ ကျော် ပြုလုပ်ခဲ့သည်။

ဆော်ဒီအာရေဗျ အရပ်ဘက်ကာကွယ်ရေးဦးစီးဌာနချုပ်က စက်တင်ဘာ ၁၄ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ဘက် ယီမင်နယ်စပ်အနီးရှိ မြို့အများအပြားသို့ လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၃ ရက် ညဥ့်နက်ပိုင်းမှ ၁၄ ရက် နံနက်အစောပိုင်းအထိ Khamis Mushait ၊ Abha စသည့်မြို့များမှ ဒေသခံများက ၎င်းတို့၏ လက်ကိုင်ဖုန်းများမှတစ်ဆင့် လုံခြုံရေးသတိပေးချက်များ လက်ခံရရှိခဲ့သည်။

Sarea က လွန်ခဲ့သော နာရီ ၂၄ အတွင်း ဆော်ဒီအာရေဗျသည် ယီမင်နိုင်ငံ ပြည်နယ် ၆ ခုကို လေကြောင်းတိုက်ခိုက်မှု ၅၈ ကြိမ် ပြုလုပ်ခဲ့ပြီး ယီမင်ဒေသအများစုကို သက်ရောက်မှုရှိစေခဲ့သည်ဟု စက်တင်ဘာ ၁၃ ရက်တွင် ဆိုခဲ့သည်။ F-15 တိုက်လေယာဉ်များသည် ဘုရင်ခါလစ်လေတပ်စခန်းမှ ပျံတက်ပြီးနောက် အထက်ပါ လေကြောင်းတိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

.........................

(Chinese Version)

也门胡塞武装称向沙特空军基地发动导弹无人机袭击

新华社科威特城9月14日电(记者尹炣)萨那消息:也门胡塞武装控制的马西拉电视台14日报道说,该组织向位于沙特阿拉伯西南部城市海米斯穆谢特的哈立德国王空军基地发射了数十枚弹道导弹和无人机。  

报道援引胡塞武装发言人叶海亚·萨雷亚的声明称,行动目标是基地内战斗机机库、雷达系统、跑道、弹药库等,袭击“精准且直接,造成重大损失”。  

萨雷亚在声明中说,此次行动旨在报复沙特不断加强对也门的空袭。近期沙特空军的F-15战斗机和“台风”战斗机从海米斯穆谢特和塔伊夫的空军基地起飞,对也门多个省份发动了300多次空袭。  

沙特民防总局14日向沙特西南部靠近也门边境的多个城市发布安全警报。13日深夜至14日凌晨期间,海米斯穆谢特、艾卜哈等几座城市的居民通过手机收到安全提示。  

萨雷亚13日称,过去24小时内,沙特对也门6个省份发动了58次空袭,波及也门大部分地区。F-15战机从哈立德国王空军基地起飞后实施了上述空袭。(完)

图说:这张9月7日的视频截图显示,在也门哈德拉毛省瓦迪阿军事基地附近,一些军用卡车遭到导弹袭击。新华社发(胡塞媒体中心供图)