
ဗီယင်ကျန်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့တွင် ကလပ်စတာဗုံးဆိုင်ရာ သဘောတူစာချုပ်အတွက် တတိယအကြိမ်မြောက်ပြန်လည်သုံးသပ်မှုညီလာခံကို စက်တင်ဘာ ၁၄ ရက်က တရားဝင်စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ကိုယ်စားလှယ်အဖွဲ့များ၊ အဆင့်မြင့်အရာရှိကြီးများအပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါညီလာခံကို လာအိုနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၁၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း လာအိုသတင်းအေဂျင်စီက စက်တင်ဘာ ၁၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ကလပ်စတာဗုံးများ၏ဒဏ်ကို အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံအတွက် အဆိုပါညီလာခံမှာ အထူးအရေးပါကြောင်း သိရသည်။ ယင်းကဲ့သို့ လာအိုနိုင်ငံက ညီလာခံကို လက်ခံကျင်းပခြင်းမှာ ကလပ်စတာဗုံးဆိုင်ရာ သဘောတူစာချုပ်လက်အောက်ရှိ နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အစိုးရ၏ ကတိကဝတ်ကို မီးမောင်းထိုးပြနေသလို နိုင်ငံအတွင်းမှ ပေါက်ကွဲမှုမရှိသေးသည့် လက်နက်ခဲယမ်းမီးကျောက်များပြဿနာကို ဖြေရှင်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှုများကိုလည်း ပေါ်လွင်ထင်ရှားစေကြောင်းသိရသည်။
လာအိုနိုင်ငံသည် အဆိုပါသဘောတူစာချုပ်ကို စတင်ရေးဆွဲသည့် အစောပိုင်းအဆင့်များမှစ၍အတည်ပြုပြဋ္ဌာန်းပြီးသည့်အချိန်အထိလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လာအိုအစိုးရသည် နိုင်ငံအဆင့်တွင် နိုင်ငံတကာကတိကဝတ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက်အထောက်အပံပေးနိုင်ရန် အဆိုပါသဘောတူစာချုပ်၏ ရည်မှန်းချက်များကို ၎င်းတို့၏အမျိုးသားမဟာဗျူဟာမြောက်မူဘောင်ဖြစ်သည့် Safe Path Forward III (၂၀၂၁-၂၀၃၀) တွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။ (Xinhua)
.......................................
(English version)
3rd cluster munitions review conference opens in Laos
VIENTIANE, Sept. 14 (Xinhua)
The third Review Conference of the Convention on Cluster Munitions officially opened on Monday in Lao capital Vientiane, bringing together delegations and senior officials globally, as well as representatives of international organizations and relevant sectors.
The conference, chaired by Lao Deputy Prime Minister and Minister of Foreign Affairs Thongsavanh Phomvihane, is being held from Monday to Friday, Lao News Agency reported on Monday.
The conference is particularly significant for Laos, one of the countries most heavily affected by cluster munitions. Its hosting underscores the government's commitment to international peace and security under the Convention on Cluster Munitions, while highlighting its continued efforts to address the country's legacy of unexploded ordnance.
Laos has played an active role in the convention process from the early drafting stages through the adoption of the convention. The government has incorporated the convention's objectives into its national strategic framework, Safe Path Forward III (2021-2030), to support the effective implementation of international commitments at the national level. ■
Photo caption: This photo taken on Nov. 8, 2010 shows an unexploded ordnance clearance activity held in Xiengkhuang Province, Laos. (Photo by Kaikeo Saiyasane/Xinhua)








