
ပြုံယမ်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ တပ်မတော်သည် ၎င်း၏ တာဝေးပစ်အမြောက်တပ်နှင့် ဒုံးကျည်တပ်ဖွဲ့များပါဝင်သည့် ပူးတွဲပစ်ခတ်တိုက်ခိုက်မှု စစ်ရေး လေ့ကျင့်မှု၌ ပါဝင်ခဲ့ကြောင်း နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းဌာန (KCNA) က စက်တင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမြောက်တပ်ဖွဲ့နှင့် ဒုံးကျည်တပ်ဖွဲ့ ငါးခုမှ တပ်ဖွဲ့များက စက်တင်ဘာလ ၁၃ ရက်တွင် ပြုလုပ်ခဲ့သော လေ့ကျင့်မှု၌ ပါဝင်ခဲ့ကြောင်း၊ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် "တိုက်ခိုက်ရေးဒရုန်းအမျိုးမျိုး၊ နည်းဗျူဟာမြောက်ခရုဇ်ဒုံးကျည်၊ ပစ်လွှတ်စင်မှ လွှတ်တင်ရသော ကြီးမားသော ဒုံးကျည်များနှင့် နည်းဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်ကဲ့သို့သော တိုက်ခိုက်ရေးစနစ်အသစ်များ ပါဝင်ကြောင်း" သတင်း၌ ထပ်လောင်းဖော်ပြထားသည်။
ထိုလေ့ကျင့်မှုအတွင်း တိုက်ခိုက်မှုလက်နက်စနစ်အားလုံးမှာ လေ့ကျင့်စဉ်အတွင်း လက်နက်အများအပြား၏ ကြီးမားသောအဖျက်စွမ်းအားကို ပြသလိုက်ခြင်းဖြစ်သလို လက်နက်အားလုံး စုစည်း၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်စွမ်းကိုလည်း အသေအချာစွမ်းဆောင်နိုင်ကြောင်းကိုလည်း ပြသလိုက်ခြင်းဖြစ်သည်ဟု သတင်း၌ ဖော်ပြထားသည်။ (Xinhua)

.................
(English version)
DPRK military conducts joint firepower attack drill: KCNA
PYONGYANG, Sept. 14 (Xinhua) -- The military of the Democratic People's Republic of Korea (DPRK) has conducted a joint firepower attack drill involving its long-range artillery and missile units, the official Korean Central News Agency said Monday.
Subunits selected from the five artillery and missile joint units participated in the drill on Saturday, the report said, adding that the drill "involved new combat systems such as attack drones of various kinds, tactical cruise missile, large-caliber thermal-pressure multiple rocket launcher and tactical ballistic missile."
All strike weapon systems demonstrated the huge destructive power of concentrated fire during the drill, ensuring the unity and simultaneity of the firepower attacks, it said.
Photo caption – 1 – This photo taken on Oct. 10, 2025 shows a scene during a military parade celebrating the 80th founding anniversary of the Workers' Party of Korea (WPK) held in Pyongyang, the Democratic People's Republic of Korea (DPRK).
Photo caption – 2 – Photo provided by Korean Central News Agency (KCNA) on May 5, 2019 shows the site of a strike drill of defense units of the Democratic People's Republic of Korea (DPRK). (Xinhua/KCNA)








