စပိန်နိုင်ငံ မက်ဒရစ်မြို့တွင်ကျင်းပသည့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဗလင်စီယာအသင်းတို့၏ စပိန် လာလီဂါဘောလုံးပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းမှ Dani Ceballos (ရှေ့ဘယ်) နှင့် ဗလင်စီယာအသင်းမှ Samu Castillejo (ရှေ့ယာ) ဘောလုံးယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ မက်ဒရစ်မြို့တွင်ကျင်းပသည့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဗလင်စီယာအသင်းတို့၏ စပိန် လာလီဂါဘောလုံးပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းမှ Dani Ceballos (ရှေ့ဘယ်) နှင့် ဗလင်စီယာအသင်းမှ Samu Castillejo (ရှေ့ယာ) ဘောလုံးယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဗလင်စီယာအသင်းသည် စက်တင်ဘာ ၁၂ ရက်က ဆီဗီလာအသင်းကို ၁-၀ ဖြင့် ရှုံးနိမ့်ပြီးနောက် စက်တင်ဘာ ၁၃ ရက်တွင် နည်းပြ ကားလို့စ်ကော်ဘာရန်ကို ရာထူးမှ ထုတ်ပယ်လိုက်သည်။ ၎င်းသည် လာလီဂါကလပ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုပြီး နှစ်လကျော်မျှအကြာတွင် ထုတ်ပယ်ခံရခြင်းဖြစ်သည်။

ရာသီအစရလဒ်များဆိုးရွားနေသောကြောင့် ကော်ဘာရန်နှင့် လက်တွဲဖြုတ်ရန်ဆုံးဖြတ်ခဲ့သည်ဟု ဗလင်စီယာ အသင်း၏တရားဝင်ဝက်ဘ်ဆိုက်တွင် အတည်ပြုဖော်ပြခဲ့သည်။ ၎င်းသည် ယခုရာသီတွင် ရာထူးမှ ထုတ်ပယ်ခံရသည့် ပထမဆုံး လာလီဂါနည်းပြ ဖြစ်လာခဲ့သည်။

စက်တင်ဘာ ၁၂ ရက်ပွဲစဉ်တွင် ရှုံးနိမ့်ပြီးနောက် ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ကော်ဘာရန်က “ဖြစ်မလာသေးတဲ့အခြေအနေတွေကို ကျွန်တော်မပြောလိုပါဘူး၊ လက်ရှိအခြေအနေကို ပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်ဖို့ကိုပဲ အာရုံစိုက်ရမှာပါ၊ အခြေအနေပြန်ကောင်းအောင်လုပ်ဖို့ တာဝန်ရှိသူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်၊ ဒါကြောင့် ကျွန်တော့်အလုပ်က အဲဒီအပေါ်မှာအာရုံစိုက်ဖို့ပါပဲ” ဟု ပြောကြားခဲ့သည်။

“နိုင်ပွဲတွေမရရင် ကျွန်တော်တို့ရဲ့ပန်းတိုင်မရောက်ဘူးဆိုတာသိပါတယ်၊ အသင်းကအစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ပါလျက်နဲ့ရလဒ်မကောင်းခဲ့ရင်တော့ ထွက်ပေါ်လာမယ့်ဝေဖန်မှုတွေနဲ့တာဝန်ယူမှုကို ကျွန်တော်လက်ခံပါတယ်" ဟု ၎င်းက ထပ်မံပြောဆိုခဲ့သည်။

စက်တင်ဘာ ၁၃ ရက်က ဗလင်စီယာအသင်းသည် ရနိုင်သည့် ရမှတ် ၁၅ မှတ်တွင် ၁ မှတ်သာ ရရှိထားပြီး လာလီဂါ အမှတ်ပေးဇယားအောက်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ကော်ဘာရန်၏အသင်းသည် ဆီဗီလာအသင်းနှင့်ပွဲတွင် ဂိုးပေါက်တည့်ကန်သွင်းချက် တစ်ကြိမ်ပင် မလုပ်ဆောင်နိုင်ခဲ့ပေ။

ထိုပွဲမတိုင်မီ အိမ်ကွင်းတွင်လည်း ဘာစီလိုနာအသင်းကို ၅-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် Mestalla ကွင်းရှိ ပရိသတ်များက နည်းပြကော်ဘာရန် ၊ ကစားသမားများနှင့် အသင်းပိုင်ရှင်ပီတာလင်းတို့အပေါ် မကျေနပ်ချက်များ ထုတ်ဖော်ခဲ့ကြသည်။

၂၀၂၅-၂၆ ရာသီအတွင်း ဗလင်စီယာအသင်းသည် ပြဿနာများကို ကြုံတွေ့ခဲ့ရသော်လည်း နောက်ပိုင်းတွင် အခြေအနေပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်နိုင်ခဲ့ပြီး အဆင့် ၉ နေရာဖြင့် ရာသီကို အဆုံးသတ်ခဲ့သော်လည်း  ဥရောပပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် အနည်းငယ်မျှ လွဲချော်ခဲ့သည်။ ထို့နောက် ကော်ဘာရန် နှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဗလင်စီယာအသင်းသည် အားကစားဒါရိုက်တာ Ron Gourlay ကိုလည်း ရာထူးမှထုတ်ပယ်လိုက်ကြောင်း စက်တင်ဘာ ၁၃ ရက်က ကြေညာခဲ့သည်။ (Xinhua)

…………….

(English Version)

Valencia sacks Corberan after dismal start to La Liga season

MADRID, Sept. 13 (Xinhua) -- Valencia sacked coach Carlos Corberan on Sunday following Friday's 1-0 defeat to Sevilla, just over two months after he signed a new contract with the La Liga club.

Valencia confirmed the decision on its official website, saying it had "decided to end the relationship" with Corberan following a poor start to the season. He becomes the first La Liga coach to lose his job this season.

Asked about his future after Friday's defeat, Corberan said: "I cannot speak about hypothetical scenarios, but rather about turning a situation around. I am one of those responsible for reversing it, and my job is to focus on that."

"I am aware that without victories, there is no achieving our objective, and I accept the criticism and responsibility when I see the team giving its all yet failing to get a result," he added.

Friday's defeat left Valencia bottom of La Liga with just one point from a possible 15. Corberan's side failed to register a single shot on target against Sevilla.

The loss followed a 5-0 home defeat to Barcelona, after which supporters at Mestalla vented their frustration at Corberan, the players and club owner Peter Lim.

Corberan, who was born in Valencia, was appointed in December 2024 with the club battling to avoid relegation and guided the team to safety in his first season.

Valencia endured further problems during the 2025-26 campaign but recovered to finish ninth, narrowly missing out on European qualification. Corberan was subsequently rewarded with a new contract.

Valencia also announced Sunday that it had sacked sporting director Ron Gourlay.

Photo caption: Dani Ceballos (front L) of Real Madrid vies with Samu Castillejo (front R) of Valencia CF during a Spanish La Liga football match between Real Madrid and Valencia CF in Madrid, Spain, Feb. 2, 2023. (Photo by Gustavo Valiente/Xinhua)