ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့က နေရာတစ်နေရာ၌ ဒရုန်းပစ်လွှတ်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၉ ရက်တွင် ဟူသီမီဒီယာစင်တာက ထုတ်ပြန်သော ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ-Houthi Media Center/Handout via Xinhua)
ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့က နေရာတစ်နေရာ၌ ဒရုန်းပစ်လွှတ်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၉ ရက်တွင် ဟူသီမီဒီယာစင်တာက ထုတ်ပြန်သော ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ-Houthi Media Center/Handout via Xinhua)

ကူဝိတ်စီးတီး၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီ ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ဖြစ်သော မိုချာမြို့အား သိမ်းပိုက်ပြီးနောက် အကျဉ်းထောင်တစ်ခုကို ထိန်းချုပ်နိုင်ခဲ့ပြီး အစိုးရစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသော ၎င်းတို့အဖွဲ့ဝင် ၂၁၀ ဦးအား လွှတ်ပေးခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ အရာရှိတစ်ဦးက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အမည်မဖော်လိုသူ အရာရှိက ဆင်ဟွာသတင်းထောက်အား ပြောကြားရာတွင် အစိုးရစစ်တပ်သည် ဆုတ်ခွာခြင်းမပြုမီ ထိန်းသိမ်းခံထားရသူ ၂၁၀ ဦးစလုံးအား ခန်းမတစ်ခုအတွင်း စုစည်း၍ သော့ခတ်ထားခဲ့ကြောင်း၊ ဟူသီလက်နက်ကိုင်အဖွဲ့ ဝင်ရောက်လာပြီးနောက် ၎င်းတို့အား လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ပုဂ္ဂိုလ်များသည် စက်တင်ဘာ ၁၂ ရက်တွင် ယီမင်နိုင်ငံ မြို့တော်ဆန်နားသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပိုင် Almasirah ရုပ်မြင်သံကြား၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယီမင်အစိုးရဘက်ကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးပြောကြားခြင်း မရှိသေးချေ။

ယခုနှစ် မေလတွင် ယီမင်အစိုးရနှင့် ဟူသီလက်နက်ကိုင်အဖွဲ့တို့သည် ထိန်းသိမ်းခံထားရသူ ၁,၇၀၀ ခန့်အား လဲလှယ်ရန် သဘောတူညီခဲ့ကြသော်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

လတ်တလောကာလအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့က အစိုးရစစ်တပ်အပေါ် ထိုးစစ်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ယီမင်အစိုးရအား ထောက်ခံသော ဆော်ဒီအာရေဗျနိုင်ငံအပေါ် ရေကြောင်းပိတ်ဆို့မှု လုပ်ဆောင်ကြောင်း ကြေညာခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီ၏ မဟာဗျူဟာမြောက် အရေးပါသောနေရာဖြစ်သည့် ဆိပ်ကမ်းမြို့ မိုချာအား ထိုနေ့၌ သိမ်းပိုက်လိုက်ကြောင်း ယီမင် အစိုးရစစ်တပ်နှင့် ဟူသီလက်နက်ကိုင်အဖွဲ့တို့က စက်တင်ဘာ ၁၀ ရက်တွင် အသီးသီး အတည်ပြုခဲ့ကြသည်။ ဟူသီလက်နက်ကိုင်အဖွဲ့က စက်တင်ဘာ ၃ ရက်တွင် ထိုးစစ်စတင်ခဲ့ပြီးနောက် ယီမင်နိုင်ငံ အနောက်ပိုင်းရှိ စတုရန်းကီလိုမီတာ ၅,၄၀၀ ခန့်ရှိသော နယ်မြေအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းလက်နက်ကိုင်အဖွဲ့က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ယီမင်အစိုးရဘက်ကလည်း ထိုနေ့တွင်ပင် ဟူသီလက်နက်ကိုင်အဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ အနောက်ဘက် ကမ်းရိုးတန်းတစ်ခုလုံးအား ထိန်းချုပ်လိုက်ပြီဖြစ်ပြီး တောင်ဘက်သို့ ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် ထိုးစစ်ဆင်မှုများ မပြုလုပ်မီက ဟူသီလက်နက်ကိုင်အဖွဲ့သည် မြို့တော် ဆန်နား အပါအဝင် ပင်လယ်နီ၏ အရေးပါသော ဆိပ်ကမ်းမြို့ ဖြစ်သည့် ဟိုဒေးဒါမြို့ အပါအဝင် ယီမင်နိုင်ငံ မြောက်ပိုင်းရှိ နယ်မြေအမြောက်အမြားကို ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း Bab el-Mandeb ရေလက်ကြားသို့ တိုက်ရိုက်စိုးမိုးထားသော ကမ်းရိုးတန်းဒေသများကိုမူ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ (Xinhua)

------------------

(Chinese Version)

也门胡塞武装称攻占穆哈后释放210名被关押人员

  新华社科威特城9月13日电(记者尹炣)萨那消息:也门胡塞武装官员13日表示,胡塞武装在攻占红海港口城市穆哈后夺取一所监狱,释放了被政府军关押的210名该组织成员。

  这名匿名官员对新华社记者表示,政府军撤退前,将所有210名被关押人员聚集并锁在一个大厅里,胡塞武装进入后释放了他们。

  据胡塞武装旗下的马西拉电视台报道,上述人员已于12日抵达萨那。

  也门政府方面暂未对此次事件发表评论。

  今年5月,也门政府与胡塞武装同意交换约1700名在押人员。但目前尚未实施。

  近期,胡塞武装加大对政府军攻势,并宣布对支持也门政府的沙特阿拉伯实施海上禁运。本月10日,也门政府军和胡塞武装分别证实,胡塞武装当天攻占红海战略要地、港口城市穆哈。胡塞武装11日称,该组织自9月3日发动攻势以来,已在也门西部攻占约5400平方公里土地。也门政府方面同日说,胡塞武装已控制该国整个西部海岸并继续向南推进。

  发起本轮攻势前,胡塞武装已控制也门北部大片土地,包括首都萨那以及红海重要港口荷台达,但尚未掌控直接俯瞰曼德海峡的沿岸地带。

图说  :这张胡塞媒体中心8月9日提供的照片显示,胡塞武装在一未知地点发射无人机。新华社发(胡塞媒体中心供图)