အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ကျင်းပခဲ့သည့် ၈၃ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်၏ ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည့် The Pigeon Ring ရုပ်ရှင်ဇာတ်ကားတိုဒါရိုက်တာ ကျန်းယွီချီ(ယာမှ ဒုတိယ) နှင့် ဒါရိုက်တာ ထောင်စစ်ရှင်း(ယာမှတတိယ) တို့ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ကျင်းပခဲ့သည့် ၈၃ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်၏ ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည့် The Pigeon Ring ရုပ်ရှင်ဇာတ်ကားတိုဒါရိုက်တာ ကျန်းယွီချီ(ယာမှ ဒုတိယ) နှင့် ဒါရိုက်တာ ထောင်စစ်ရှင်း(ယာမှတတိယ) တို့ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗင်းနစ်၊ အီတလီ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ၈၃ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် တရုတ်နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတိုတစ်ခုဖြစ်သည့် The Pigeon Ring က  Venice Immersive ကဏ္ဍတွင် အမြင့်ဆုံးဆုဖြစ်သည့် ဗင်းနစ် Immersive Grand Prize ဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

ကျန်းယွီချီ နှင့် ထောင်စစ်ရှင်း တို့က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီးမိနစ် ၃၀ ကြာမြင့်သည့် အဆိုပါဇာတ်ကားတိုကို ပုံရိပ်ယောင်နည်းပညာနှင့် အာရုံခံစားမှုအပြည့်ပေးစွမ်းနိုင်သော အနုပညာဖန်တီးမှုများဖြင့် တင်ဆက်ရိုက်ကူးထားခြင်းဖြစ်သည်။

ယခုနှစ် Venice Immersive ကဏ္ဍတွင် နိုင်ငံနှင့်ဒေသပေါင်း ၂၆ ခုမှ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး The Pigeon Ring ရုပ်ရှင်ဇာတ်ကားတိုက ယင်းကဏ္ဍတွင် အကောင်းဆုံးအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ (Xinhua)

......................

(English version)

China's short film The Pigeon Ring wins Venice Immersive Grand Prize

VENICE, Italy, Sept. 12 (Xinhua) Chinese short film The Pigeon Ring won the Venice Immersive Grand Prize, the top award of the Venice Immersive section, at the 83rd Venice International Film Festival on Saturday.

Directed by Zhang Yuqi and Tao Shixin, the 35-minute work is presented through virtual reality and immersive installations.

The Pigeon Ring was selected for the competition of this year's Venice Immersive section, which featured 30 works from 26 countries and regions. ■

Photo caption: Director Zhang Yuqi (2nd R) and director Tao Shixin (3rd R) of the short film "The Pigeon Ring" attend the awarding ceremony of the 83rd Venice International Film Festival in Venice, Italy, Sept. 12, 2026. (Xinhua/Wang Kaiyan)