ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ မူကူရူ ကျွမ်းကျင်မှု လေ့ကျင့်ရေးစင်တာ ကစားကွင်း၌ ကလေးငယ်များ နေရောင်ခြည်စွမ်းအင်သုံး မီးအလင်းရောင်အောက်တွင် ဘောလုံးကစားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ မူကူရူ ကျွမ်းကျင်မှု လေ့ကျင့်ရေးစင်တာ ကစားကွင်း၌ ကလေးငယ်များ နေရောင်ခြည်စွမ်းအင်သုံး မီးအလင်းရောင်အောက်တွင် ဘောလုံးကစားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ မူကူရူဒေသ၌ စံချိန်စံညွှန်းမမီသော တရားမဝင် လျှပ်စစ်မီး သွယ်တန်းမှုများ ပိုမိုများပြားပြီး မီးပျက်ခြင်းနှင့် ဗို့အားမမှန်ခြင်းတို့လည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ မကြာသေးမီက ကင်ညာနိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုသည် မူကူရူ ကျွမ်းကျင်မှု လေ့ကျင့်ရေးစင်တာ၌ တရုတ်နိုင်ငံထုတ် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများနှင့် အလင်းရောင်ပေး ပစ္စည်းကိရိယာ အစုံအလင်ကို တပ်ဆင်ပေးခဲ့ရာ ယင်းစင်တာ၌ စောင့်ရှောက်ကူညီမှု ရယူနေရသည့် ခိုကိုးရာမဲ့ကလေးငယ် ဆယ်ဂဏန်းခန့်အတွက် ပိုမိုတည်ငြိမ်သော လျှပ်စစ်မီးလင်းရေးကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေးငယ်များသည် ညဘက်တွင် ကစားကွင်း၌ လွတ်လပ်စွာ ဆော့ကစားနိုင်ပြီဖြစ်သလို အိပ်ဆောင်နှင့် သန့်စင်ခန်းအကြား သွားလာရသည်မှာလည်း ပိုမိုဘေးကင်းလုံခြုံ၍ လွယ်ကူချောမွေ့လာပြီဖြစ်သည်။ (Xinhua)

------------------------------------------

(Chinese Version)

中国光伏设备照亮肯尼亚穆库鲁儿童的夜晚

  在肯尼亚内罗毕穆库鲁,非正规接电现象较为普遍,停电和电压波动时有发生。近日,肯尼亚一家非政府组织为穆库鲁技能培训中心安装了多套中国产太阳能电池板及照明设备,为数十名在此得到帮扶的流浪儿童提供更稳定的照明。如今,孩子们晚上可以在操场玩耍,往返宿舍与卫生间也更加安全便利。

图说 1 : 9月10日,在肯尼亚内罗毕穆库鲁技能培训中心的操场上,孩子们在太阳能灯光下踢球。新华社记者 谢剑飞 摄

图说 2 :   9月10日,在肯尼亚内罗毕穆库鲁技能培训中心的操场上,孩子们走在从宿舍去卫生间的路上。新华社记者 谢剑飞 摄