အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ ပင်တာဂွန်စစ်ဌာနချုပ် အား ဝေဟင်မှ ရိုက်ကူးထားသည့် မြင်ကွင်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ ပင်တာဂွန်စစ်ဌာနချုပ် အား ဝေဟင်မှ ရိုက်ကူးထားသည့် မြင်ကွင်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ပစ္စတိုရီးယပ်စ်သည် အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်သ်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။ နှစ်ဖက်စလုံးသည် ဥရောပ၌ အမေရိကန်၏ စစ်ရေးဖြန့်ကြက်မှု စသည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြည်ပမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ပစ္စတိုရီးယပ်စ်၏ ယခုအကြိမ် အမေရိကန်ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံက ဝယ်ယူထားသည့် F-35 အမျိုးအစား တိုက်လေယာဉ်များ မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တက္ကဆက်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် Politico သတင်းဌာနက နေတိုးအဖွဲ့ နှင့် အမေရိကန် အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ မကြာသေးမီက ဖော်ပြခဲ့သည်။ အမေရိကန်နှင့် ဂျာမနီတို့အကြား ယခင်က အီရန်စစ်ပွဲနှင့် ယူကရိန်းအရေး စသည်တို့နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ဆက်ဆံရေး တင်းမာလျက်ရှိရာ ပစ္စတိုရီးယပ်စ်နှင့် ဟက်ဆက်သ်တို့၏ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုမှာ "အလွန် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်" ကြောင်း သိရသည်။

ဂျာမနီသည် ဥရောပတွင် အမေရိကန်ထုတ် လက်နက်များကို အများဆုံး ဝယ်ယူသည့် နိုင်ငံများအနက် တစ်ခုဖြစ်သည်။ လက်ရှိတွင် အမေရိကန်သည် ဂျာမနီ၌ တပ်ဖွဲ့ဝင် ၃၈,၀၀၀ ခန့် တပ်စွဲထားရာ ယင်းမှာ ဥရောပနိုင်ငံများအနက် အများဆုံးဖြစ်သည်။ လက်ရှိတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် ဥရောပ၌ အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားရှိမှု အခြေအနေကို စိစစ်သုံးသပ်လျက်ရှိပြီး နိုဝင်ဘာ ၆ ရက်ထက် မနောက်ကျဘဲ ဟက်ဆက်သ်ထံ အနည်းဆုံး နည်းလမ်း ၄ ခု တင်ပြသွားမည်ဟု ခန့်မှန်းရသည်။

ဧပြီလတွင် အမေရိကန်နှင့် ဂျာမနီ ခေါင်းဆောင်နှစ်ဦးသည် အီရန်အရေးနှင့်ပတ်သက်၍ နှုတ်အားဖြင့် အငြင်းပွားဖွယ်ရာများ ဖြစ်ပွားခဲ့သည်။ အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုမှာ "ဗျူဟာ ကင်းမဲ့နေသည်" ဟုလည်းကောင်း၊ အမေရိကန်သည် "အီရန်ခေါင်းဆောင်ပိုင်း၏ စော်ကားမှုကို ခံနေရသည်" ဟုလည်းကောင်း ဂျာမနီဝန်ကြီးချုပ် မက်ဇ်က ပြောကြားခဲ့သည်။ မက်ဇ်သည် 'သူဘာပြောနေမှန်း သူ့ဟာသူတောင် နားမလည်ပါဘူး' ဟု ဒေါ်နယ်ထရမ့်က ချက်ချင်းဆိုသလို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပြီး ဂျာမနီမှ အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ရုပ်သိမ်းသွားမည်ဟု ကြေညာခဲ့သည်။ မေလတွင် ပစ္စတိုရီးယပ်စ်သည် ကနေဒါနိုင်ငံသို့ ခရီးစဉ်သွားရောက်ခဲ့သော်လည်း ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း အမေရိကန်သို့ ဆက်လက်သွားရောက်ခဲ့ခြင်း မရှိဘဲ ပြန်လည်ထွက်ခွာခဲ့ရာ ယင်းမှာ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုကို ပိုမိုပေါ်လွင်စေခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

美德防长将会晤 聚焦美国在欧洲军事部署

  新华社北京9月12日电 德国国防部11日宣布,国防部长皮斯托里乌斯将访问美国并于15日同美国国防部长赫格塞思会晤。据外媒报道,双方将讨论美国在欧洲的军事部署等议题。

  美国《政治报》日前援引北约和美国官员的话报道,皮斯托里乌斯此次访美将在得克萨斯州出席一批德国所购F-35型战斗机的亮相仪式。鉴于美德此前因伊朗战事和乌克兰危机等存在分歧,关系紧张,皮斯托里乌斯同赫格塞思此次会晤“意义重大”。

  德国是欧洲最大的美制武器买家之一。美国当前在德国驻军规模约为3.8万人,为欧洲国家中最多。美国国防部眼下正审视美军在欧洲部署情况,预计将在11月6日前向赫格塞思提交至少4套方案。

  4月,美德两国领导人就伊朗局势发生言辞冲突。德国总理默茨说,美国对伊军事行动“缺乏战略”,美国“正受到伊朗领导层羞辱”。特朗普随即“回怼”,称默茨“根本不知道自己在说什么”,并宣布将从德国撤出数千名美军。5月,皮斯托里乌斯访问加拿大,却未按惯例继续访问美国,凸显两国之间嫌隙。

图说  :这是2020年2月19日从空中拍摄的美国国防部所在地五角大楼。新华社记者刘杰摄