
နယူးဒေလီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် ၁၈ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ BRICS နိုင်ငံများ၏ ခေါင်းဆောင်များက ပူးတွဲကြေညာချက်တစ်စောင်ကို အတည်ပြုထုတ်ပြန်ခဲ့ကာ အားလုံးပါဝင်နိုင်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ ခိုင်မာအားကောင်းရေးအတွက် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလျက် နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံမှုရှိရေးအတွက် တိုက်တွန်းခဲ့ပြီး ရေရှည်တည်တံ့၍ အားလုံးပါဝင်နိုင်သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက်လည်း အလေးထားပြောဆိုခဲ့ကြသည်။
နယူးဒေလီ ကြေညာချက်၌ အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းခြင်း၊ အတူတကွ အားဖြည့်ပံ့ပိုးခြင်း၊ အကျိုးကျေးဇူးများ မျှဝေခြင်းဟူသော စိတ်ဓာတ်ဖြင့် ပိုမိုတရားမျှတသော၊ တန်းတူညီမျှရှိသော၊ တက်ကြွသော၊ ထိရောက်သော၊ လွှမ်းခြုံကိုယ်စားပြုသော၊ တာဝန်ခံမှုရှိသော နိုင်ငံတကာနှင့် နိုင်ငံစုံစနစ်တစ်ခုကို မြှင့်တင်လျက် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးနှင့် ပိုမိုကောင်းမွန်ပြည့်စုံရေးအတွက် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။
ထို့အတူ ယင်းကြေညာချက်၌ ခေါင်းဆောင်များက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် ဗဟုအသွင်ပြောင်းမှု ပိုမိုအားကောင်းစေရေးနှင့် နိုင်ငံတကာဥပဒေ ထိန်းသိမ်းရေးအတွက် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်များနှင့် ဖွဲ့စည်းပုံများတွင် ထွန်းသစ်စဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ပိုမိုကျယ်ပြန့်စွာနှင့် အနှစ်သာရပြည့်ဝစွာ ပါဝင်ကိုယ်စားပြုခွင့် ရှိရေးအတွက်လည်း တိုက်တွန်းခဲ့ကြသည်။
ထို့ပြင် ဆန်းစစ်အကဲဖြတ်ပြီးသော ပံ့ပိုးကူညီမှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ထိမ်ချန်ထားခြင်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များကို တစ်ဖက်သတ် ထိခိုက်ပျက်ပြားစေရန်နှင့် ယင်းတို့၏ သက်ဆိုင်ရာလုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားဖြစ်စေရန် ကြိုးပမ်းမှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ခေါင်းဆောင်များက အတိအလင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260913/ff21c54ceae24c7f925e82c4a4749492/c.html
...................................
(English Version)
BRICS leaders adopt joint declaration at summit in New Delhi
NEW DELHI, Sept. 12 (Xinhua) -- Leaders of BRICS countries at the 18th BRICS Summit adopted a joint declaration in New Delhi, the capital of India, on Saturday, reiterating their commitment to inclusive global governance and strengthening multilateralism, calling for international and regional peace and security, and underscoring sustainable and inclusive global economic growth as well as strengthening cultural and people-to-people cooperation.
The New Delhi Declaration reiterated the leaders' commitment to reforming and improving global governance by promoting a more just, equitable, agile, effective, representative, and accountable international and multilateral system in the spirit of extensive consultation, joint contribution and shared benefits.
In the declaration, the leaders reiterated their commitment to strengthening multilateralism and multipolarity and to upholding international law, calling for greater and more meaningful participation and representation of emerging markets and developing countries as well as least developed countries in global decision-making processes and structures.
They also stated that they deplore attempts, including by deliberately withholding assessed contributions, to unilaterally undermine the work of global multilateral institutions and impair the implementation of their respective mandates.
https://english.news.cn/20260913/ff21c54ceae24c7f925e82c4a4749492/c.html
Photo caption: Leaders of the BRICS countries pose for a group photo during the Session I of the 18th BRICS Summit in New Delhi, India, Sept. 12, 2026. (Xinhua/Wang Ye)








