တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက် ညပိုင်းတွင် BRICS နိုင်ငံအကြီးအကဲများ အွန်လိုင်းထိပ်သီးအစည်းအဝေး တက်ရောက်၍ “စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ ရှေ့သို့လျှောက်လှမ်းမည်” ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက် ညပိုင်းတွင် BRICS နိုင်ငံအကြီးအကဲများ အွန်လိုင်းထိပ်သီးအစည်းအဝေး တက်ရောက်၍ “စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ ရှေ့သို့လျှောက်လှမ်းမည်” ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ၁၈ ကြိမ်မြောက် BRICS နိုင်ငံအကြီးအကဲများအစည်းအဝေး၏ ပထမအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်၍ အရေးကြီးအမှာစကား ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က BRICS နိုင်ငံများအနေဖြင့် သမိုင်း၏ မှန်ကန်သောဘက်တွင် ခိုင်မာစွာရပ်တည်ကာ ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးသော ရှေ့ဆောင်များ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းသော ရှေ့ဆောင်များ၊ ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာမှုကို မြှင့်တင်ပေးသော ရှေ့ဆောင်များ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲ၍ ကောင်းမွန်ပြည့်စုံစေသော ရှေ့ဆောင်များအဖြစ် ဆောင်ရွက်ကာ နိုင်ငံတကာ စည်းစနစ်အား ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်သို့ ဦးဆောင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေးကို မြှင့်တင်ရန် လက်တွဲဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။ (Xinhua)

......................

(Chinese Version)

习近平:金砖国家要坚定站在历史正确一边,勇做时代先锋

新华社新德里9月12日电 当地时间9月12日下午,国家主席习近平在新德里出席金砖国家领导人第十八次会晤第一阶段会议并发表重要讲话。  

习近平指出,金砖国家要坚定站在历史正确一边,做促进创新发展的先锋、维护和平稳定的先锋、推动文明互鉴的先锋、改革完善全球治理的先锋,引领国际秩序朝着更加公正合理的方向发展,携手推动构建人类命运共同体。(完)

图说:2025年9月8日晚,国家主席习近平出席金砖国家领导人线上峰会,并发表题为《团结合作 砥砺前行》的重要讲话。新华社记者 黄敬文 摄