
နယူးယောက်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နေရာအများအပြား၌ "စက်တင်ဘာ ၁၁ ရက်" အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ရပ် ၂၅ နှစ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားများကို စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး ယင်းဖြစ်ရပ်တွင် မတော်တဆမှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြသည်။
ထိုနေ့တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်စစ်ဌာနချုပ်၌ "စက်တင်ဘာ ၁၁ ရက်" ဖြစ်ရပ် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ရာ သမ္မတ ထရမ့် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
နယူးယောက် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အအုံဟောင်း တည်ရှိရာနေရာ၌ အမေရိကန် ဒုတိယသမ္မတ ဗန့်စ်၊ သမ္မတဟောင်း ကလင်တန်၊ ဂျော့ရှ် ဒဗလျူဘုရှ်၊ အိုဘားမား၊ ဘိုင်ဒန် နှင့် အသက်ရှင်လွတ်မြောက်ကျန်ရစ်သူများ၊ သေဆုံးသူများ၏ ဆွေမျိုးသားချင်းများ စသည်တို့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ သေဆုံးသူများ၏ ဆွေမျိုးသားချင်းများသည် ဝမ်းနည်းပူဆွေးမှုကို ဖော်ပြရန် သေဆုံးသူများ၏ အမည်များကို တစ်ဦးချင်းစီ ရွတ်ဆိုခဲ့ကြသည်။
မှောင်ရိပ်သန်းလာသည်နှင့်အမျှ "စက်တင်ဘာ ၁၁ ရက်" အထိမ်းအမှတ်ရင်ပြင် အနီးတွင် ဧရာမ အပြာရောင်အလင်းတန်းနှစ်ခုကို ညကောင်းကင်ယံသို့ အလင်းထိုးပြီး အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ပြိုကျပျက်စီးခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အမြွှာမျှော်စင်ကို သင်္ကေတဆောင်ခဲ့သလို နယူးယောက်၏ အခြား ထင်ရှားသော အဆောက်အအုံများတွင်လည်း အပြာရောင် အလှဆင်မီးများ ထွန်းညှိခဲ့ကြသည်။
ရက်ပိုင်းမျှ ဆက်တိုက်ဆိုသလိုပင် ပြည်သူအများအပြားသည် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အအုံဟောင်း တည်ရှိရာနေရာ၌ ပန်းခွေချခြင်း၊ ငြိမ်သက်စွာ ဝမ်းနည်းဂါရဝပြုခြင်း၊ ဆွေးနွေးပွဲများ၊ ဂီတပွဲများ၊ ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲများ စသည့် ဝမ်းနည်းခြင်းနှင့် သတိရဂါရဝပြု အထိမ်းအမှတ် အခမ်းအနားများကို ပြုလုပ်ခဲ့ကြသည်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် အကြမ်းဖက်သမားများသည် ခရီးသည်တင် လေယာဉ် ၄ စင်းကို ပြန်ပေးဆွဲ၍ အမေရိကန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို အသေခံတိုက်ခိုက်ခဲ့ရာ ယင်းအနက် ၂ စင်းသည် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အမြွှာမျှော်စင်ကို အသီးသီး ဝင်တိုက်ခဲ့ပြီး တစ်စင်းမှာ ဗာဂျီးနီးယားပြည်နယ် အာလင်တွန်ခရိုင်ရှိ ပင်တဂွန်စစ်ဌာနချုပ်၏ ထောင့်တစ်နေရာကို ဝင်တိုက်ခဲ့ကာ ကျန်တစ်စီးမှာ ပင်ဆယ်ဗေးနီးယားပြည်နယ် တောတောင်ထူထပ်သော ဒေသသို့ ပျက်ကျခဲ့သည်။ ထိုတိုက်ခိုက်မှုဖြစ်ရပ်များကြောင့် စုစုပေါင်း လူ ၃,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
------------------------------------------
(Chinese Version)
美国多地举行“9·11”事件25周年纪念活动
新华社纽约9月11日电(记者施春)美国多地11日举行活动纪念“9·11”恐怖袭击事件25周年,悼念事件遇难者。
当天,美国国防部五角大楼举行“9·11”事件纪念仪式,总统特朗普出席并致辞。
在纽约世贸中心遗址,美国副总统万斯、前总统克林顿、小布什、奥巴马、拜登以及幸存者和遇难者亲属等出席纪念仪式。遇难者亲属逐一宣读遇难者姓名,以表达哀思。
随着夜幕降临,在“9·11”纪念广场附近,两束巨大蓝色光束投向夜空,象征着在恐怖袭击中轰然倒塌的世贸中心双子塔,纽约其他地标性建筑也亮起蓝色灯饰。
连日来,大批民众在世贸中心遗址献花、默哀,举行研讨会、音乐会、烛光守夜等一系列悼念和追思活动。
2001年9月11日,恐怖分子劫持4架民航客机,对美国境内目标展开自杀式袭击,其中两架分别撞上世贸中心双子塔,一架撞上位于弗吉尼亚州阿灵顿县的五角大楼一角,另外一架坠落在宾夕法尼亚州乡野。这一系列袭击共造成约3000人死亡。
图说 1 :9月11日,人们在美国纽约“9·11”事件25周年纪念活动上悼念遇难者。新华社记者 张凤国 摄
图说 2 :这是9月11日在美国纽约拍摄的“9·11”事件25周年纪念活动现场。新华社记者 张凤国 摄








