
ရီယတ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ၏ အရှေ့အနောက် ရေနံပိုက်လိုင်းအား အီရတ်နိုင်ငံမှလာသော ဒရုန်းအစင်းရေများစွာဖြင့် တိုက်ခိုက်ခြင်းကို ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး တိုက်ခိုက်မှုကြောင့် လူအချို့ ထိခိုက်ဒဏ်ရာရမှုနှင့် အချို့သောအဆောက်အဦ ပျက်စီးမှုများ ဖြစ်ခဲ့ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ စီမံမှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တိုက်ခိုက်မှုခံရသော ရေနံပိုက်လိုင်းသည် ရီယတ်နှင့် မဒီနာဒေသများတွင် တည်ရှိကြောင်း၊ အီရတ်နိုင်ငံ ဝန်ကြီးချုပ်၏ တောင်းဆိုချက်အရ အီရတ်နိုင်ငံ နယ်နိမိတ်အတွင်းမှ ဆော်ဒီအာရေဗျနှင့် အိမ်နီးချင်းနိုင်ငံများအား ဦးတည်သော တိုက်ခိုက်မှုများကို ကာကွယ်ရန် အလို့ငှာ အီရတ်နိုင်ငံအစိုးရက လိုအပ်သောအစီအမံများ လုပ်ဆောင်မှုအတွက် အချိန်ချန်ထားပေးရန် ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် လက်ရှိအဆင့်တွင် တုံ့ပြန်မှုမလုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် ဆော်ဒီအာရေဗျက အီရတ်အစိုးရအနေဖြင့် ယင်းအတွက် ကြိုးပမ်းမှုများကို ထောက်ခံအားပေးကြောင်း ဆိုထားသည်။
ဆော်ဒီအာရေဗျအနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် လုံခြုံမှုအား ကာကွယ်ထိန်းသိမ်းရန်၊ သက်ဆိုင်ရာ အဆောက်အဦများ၊ နိုင်ငံသားပြည်သူနှင့် ဒေသခံများ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန်အတွက် လိုအပ်သောအစီအမံအားလုံး လုပ်ဆောင်ခွင့်ကို ထိန်းသိမ်းထားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် အလေးထား ဖော်ပြထားသည်။
ထိုနေ့အစောပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်၍ အဆိုပါနိုင်ငံ၏ အရှေ့အနောက်ရေနံပိုက်လိုင်းသည် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အကြိမ်များစွာ တိုက်ခိုက်မှု ခံခဲ့ရကြောင်း၊ လက်ရှိတွင် အဆိုပါပိုက်လိုင်းအား ကြိုတင်ကာကွယ်မှုအသွင် ပိတ်ထားသည့် အစီအမံ လုပ်ဆောင်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
沙特谴责来自伊拉克的无人机袭击东西输油管道
新华社利雅得9月11日电(记者王海洲 罗晨)沙特阿拉伯外交部11日晚发表声明,强烈谴责来自伊拉克的多架无人机对沙特东西输油管道发动袭击。袭击造成一些人员受伤和部分设施受损,目前相关处置工作正在进行。
声明说,遭袭输油管道位于利雅得和麦地那地区。应伊拉克总理请求,沙特决定现阶段不作回应,以便给伊拉克政府留出时间采取必要措施,阻止从伊拉克境内发动针对沙特及邻国的袭击。沙特同时表示,支持伊拉克政府为此所作努力。
声明还强调,沙特保留采取一切必要措施的权利,以维护国家主权和安全,保护相关设施以及公民和居民安全。
当天稍早时候,沙特阿拉伯能源部发表声明说,该国东西输油管道10日上午多次遭袭,现已对该管道采取预防性关闭措施。(完)
图说:这是2019年4月11日拍摄的沙特阿拉伯延布三期项目。新华社记者涂一帆摄








