ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ် အနီးတစ်ဝိုက် ပင်လယ်ပြင်တွင် မီးလောင်သွားသော ခရီးသည်တင်ရေယာဉ်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-The Philippine Coast Guard/Handout via Xinhua)
ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ် အနီးတစ်ဝိုက် ပင်လယ်ပြင်တွင် မီးလောင်သွားသော ခရီးသည်တင်ရေယာဉ်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-The Philippine Coast Guard/Handout via Xinhua)

မနီလာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ် အနီးတစ်ဝိုက် ပင်လယ်ပြင်ရှိ မီးလောင်ကျွမ်းမှုဖြစ်ပွားသော ခရီးသည်တင်ရေယာဉ် တစ်စင်းတွင် ကယ်ဆယ်ရေးဝန်ထမ်းများက စက်တင်ဘာ ၁၁ ရက်က ရုပ်အလောင်း ၃၀ တွေ့ရှိခဲ့ကြောင်း၊ အဆိုပါမတော်တဆဖြစ်မှုကြောင့် သေဆုံးသူ ၃၅ ဦး ရှိလာပြီဖြစ်ပြီး ၅၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်မီဒီယာများက စက်တင်ဘာ ၁၁ ရက်တွင် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့၏ သတင်းကို ကိုးကား၍ သတင်းဖော်ပြထားသည်။

အဆိုပါ လူ ၁၃၂ ဦး တင်ဆောင်ထားသော ခရီးသည်တင်ရေယာဉ်သည် မြို့တော်မနီလာမှ စတင်ထွက်ခွာသွားပြီးနောက် စက်တင်ဘာ ၉ ရက်တွင် Coron မြို့ အနီးတစ်ဝိုက် ပင်လယ်ပြင်၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်မီဒီယာများ၏ နောက်ဆုံးသတင်းဖော်ပြချက်အရ သိရသည်။ လက်ရှိတွင် အသက်ရှင်ကျန်ရစ်သူ ၄၃ ဦးရှိကြောင်း ဖိလစ်ပိုင်မီဒီယာများက ဆိုသည်။

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်သော ဗီဒီယိုမြင်ကွင်းအရ ခရီးသည်တင်ရေယာဉ်သည် ဆိုးဆိုးရွားရွား မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာ၌ ပြာများနှင့် မီးကျွမ်းနေသော သတ္တုများကို တွေ့မြင်နိုင်သည်။

ဖိလစ်ပိုင် ကျွန်းစုများမှ ပြည်သူများသည် နေ့စဉ်သွားလာရာ၌ ကူးတို့သင်္ဘောကို အားထားရသည်။ အစွန်းရောက် ရာသီဥတု၊ သင်္ဘောအား ကောင်းမွန်စွာ ထိန်းသိမ်းနိုင်မှု မရှိခြင်း၊ ဝန်ပိုတင်ခြင်း၊ လုံခြုံရေးဆိုင်ရာ ဥပဒေစည်းမျဉ်းများ တင်းကျပ်စွာ ဖော်ဆောင်မှု မရှိခြင်း စသည့် အကြောင်းအချက်များ၏ သက်ရောက်မှုကြောင့် ပင်လယ်ပြင် မတော်တဆမှုသည် ဒေသတွင်း၊ အထူးသဖြင့် ဝေးလံသောပြည်နယ်များ၌ မကြာခဏဖြစ်ပွားကြောင်း သိရသည်။ (Xinhua)

ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ်တွင် ကယ်ဆယ်ရေးဝန်ထမ်းများက အခင်းဖြစ်ပွားရာနေရာ၌ လုပ်ကိုင်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-The Philippine Coast Guard/Handout via Xinhua)
ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ်တွင် ကယ်ဆယ်ရေးဝန်ထမ်းများက အခင်းဖြစ်ပွားရာနေရာ၌ လုပ်ကိုင်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-The Philippine Coast Guard/Handout via Xinhua)

---------------------

(Chinese Version)

菲律宾客船起火事故致35人死亡、54人失联

新华社马尼拉9月11日电(记者赵晨捷 李萌)菲律宾媒体11日援引菲海岸警卫队消息报道说,救援人员当天在巴拉望省附近海域的一艘起火客船上发现30具遗体。该事故目前已造成35人遇难,尚有54人失联。  

据菲媒最新报道,这艘载有132人的客轮从首都马尼拉出发后,9日在科伦镇附近海域起火。菲媒称目前有43人幸存。菲海警发布的视频画面显示,客轮已被严重烧毁,现场可见灰烬和烧焦的金属。  

菲律宾群岛民众的日常出行依赖渡轮。受极端天气、船舶维护不善、超载、安全法规执行不力等因素影响,海上事故在当地,尤其是偏远省份时有发生。(完)

图说1:这是9月10日在菲律宾巴拉望省附近海域拍摄的失火的客轮。新华社发(菲律宾海警供图)

图说2:9月11日,在菲律宾巴拉望省,救援人员在事故现场工作。新华社发(菲律宾海警供图)