တရုတ်နိုင်ငံမှ နီပေါနိုင်ငံအတွက် တတိယသုတ် အရေးပေါ်ကူညီရေး ထောက်ပံ့ပစ္စည်းများ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ နီပေါနိုင်ငံအတွက် တတိယသုတ် အရေးပေါ်ကူညီရေး ထောက်ပံ့ပစ္စည်းများ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နီပေါနိုင်ငံအတွက် ပဉ္စမအသုတ် အရေးပေါ်ကူညီရေး ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင်  တရုတ်နိုင်ငံလေတပ် Y-20 အကြီးစားပို့ဆောင်ရေးလေယာဉ်ဖြင့် နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သယ်ဆောင်ရောက်ရှိခဲ့သည်။

နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းမောက်မင်နှင့် နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနဝန်ကြီး Mahabir Pun တို့က ကူညီရေး ထောက်ပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်နှင့်အမျှ ဤတစ်သုတ် ကူညီရေး ထောက်ပံ့ပစ္စည်းများသည် နီပေါနိုင်ငံ၏ လက်ရှိအရေးတကြီးလိုအပ်ချက်များကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့တွင် ဒီဇယ်မီးစက်၊ ဆေးဘက်ဆိုင်ရာ အကာအကွယ် နှာခေါင်းစည်းများ၊ ရင်ခွဲရုံသုံး အအေးခန်းသေတ္တာ၊ DNA စစ်ဆေးခြင်းဆိုင်ရာ ကိရိယာများနှင့် ဓာတ်ပြုပစ္စည်းများ၊ ရေကြောင်းကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ စသည်တို့ အဓိကပါဝင်ပြီး နီပေါနိုင်ငံ၏ နောက်ဆက်တွဲလုပ်ငန်းများအတွက် ခိုင်မာသော အာမခံချက်ကို ပေးအပ်သွားမည်ဖြစ်သည်။ (Xinhua)

................................

(Chinese Version)

中国对尼泊尔第五批紧急援助物资运抵加德满都

新华社加德满都9月11日电(记者张平)11日下午,中国对尼泊尔第五批紧急援助物资由中国空军运-20大型运输机运抵尼泊尔首都加德满都的特里布万国际机场。  

中国驻尼泊尔大使张茂明同尼泊尔科学、技术和创新部部长马哈比尔·普恩出席援助物资交接仪式。  

随着救灾工作持续推进,本批援助物资紧扣尼方当前最迫切需求,主要包括柴油发电机、医用防护口罩、太平柜、DNA检测设备及试剂、水域救援装备等,将为尼方开展后续工作提供有力保障。(完)

图说:9月3日,中国对尼泊尔第三批紧急援助物资抵达尼泊尔首都加德满都的特里布万国际机场。新华社记者 邹学冕 摄