အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်တွင် မီဒီယာများ မေးမြန်းမှုအား ဖြေကြားနေသည့် အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်တွင် မီဒီယာများ မေးမြန်းမှုအား ဖြေကြားနေသည့် အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ အခြေစိုက် အမေရိကန်စစ်တပ်စခန်းရှိ တိုက်လေယာဉ်သည် အီရန်၏ တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသည်ဟူသော သတင်းဖော်ပြချက်ကို အမေရိကန် သမ္မတ ထရမ့်က စက်တင်ဘာ ၁၀ ရက်တွင် ငြင်းဆိုခဲ့သည်။

ထရမ့်က ထိုနေ့တွင် အမေရိကန် NewsNation ရုပ်သံလိုင်း၏ ဖုန်းဖြင့်အင်တာဗျူးကို ဖြေကြားရာ၌ အမေရိကန် တိုက်လေယာဉ်က အီရန်၏ နောက်ဆုံးတစ်ကြိမ် တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးသွားသည် ဟူသော သတင်းဖော်ပြချက်မှာ “လုံးဝမမှန်ကန်” ကြောင်း၊ အမေရိကန်စစ်တပ်က “နစ်နာမှုမရှိဘူး၊ ဘာကိစ္စမှမဖြစ်ဘူး” ဟု ပြောကြားခဲ့သည်။

အမေရိကန် CBS သတင်းဌာနက စက်တင်ဘာ ၉ ရက်တွင် သတင်းအရင်းအမြစ်ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်တိုက်လေယာဉ် အစင်းများစွာသည် အီရန်၏ စက်တင်ဘာ ၈ ရက်တွင် ဂျော်ဒန်နိုင်ငံ Muwaffaq Salti လေတပ်စခန်းအား တိုက်ခိုက်မှုအတွင်း ပျက်စီးသွားကြောင်း၊ A-10 Thunderbolt II တိုက်လေယာဉ်တစ်စင်း ထိမှန်သွားကာ လေယာဉ်တောင်ပံတစ်ခြမ်း အက်ကွဲသွားကြောင်း၊ အခြား F-15 တိုက်လေယာဉ် ၈ စင်းသည် အနည်းငယ်ထိခိုက်ကာ လက်ရှိတွင် ပြန်လည်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းဖော်ပြခဲ့သည်။

အီရန်မီဒီယာ၏ စက်တင်ဘာ ၉ ရက် သတင်းဖော်ပြချက်အရ အီရန် ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်တပ်စခန်းအား တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်မှတ်များတွင် ရန်သူ တိုက်လေယာဉ် ဖြန့်ကြက်နေရာချထားသည့်ဇုန်နှင့် F-35 ၊ F-16 နှင့် F-15 တိုက်လေယာဉ်၏ အကာအကွယ်များ ပါဝင်ကာ ရန်သူတပ်ဖွဲ့အား “ပြင်းပြင်းထန်ထန် ပျက်စီးမှု” ဖြစ်စေခဲ့ကြောင်း သိရသည်။

ဂျော်ဒန်စစ်တပ်က ထို့နောက် ကြေညာချက်ထုတ်ပြန်၍ ဂျော်ဒန်နိုင်ငံ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် အီရန်မှ ဂျော်ဒန်ဘက်သို့ ပစ်လွှတ်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ၁၈ စင်းအား အောင်မြင်စွာ ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

特朗普否认美战机在约旦遭伊朗袭击受损

新华社华盛顿9月10日电(记者黄强 徐剑梅)美国总统特朗普10日否认关于美军驻约旦基地战机在伊朗袭击中受损的报道。  

特朗普当天在接受美国新闻国度电视频道电话采访时说,有关美国战机在伊朗最近一次袭击中受损的报道“完全不属实”,美军“没有损失,什么事都没有”。  

美国哥伦比亚广播公司9日援引消息人士的话报道说,多架美国军机在伊朗8日对约旦穆沃费格萨勒提空军基地的袭击中受损。一架A-10“雷电”攻击机被击中,一侧机翼断裂。另有8架F-15战斗机轻微受损,现已重新投入使用。  

据伊朗媒体9日报道,作为对伊朗油轮遭袭的回应,伊朗伊斯兰革命卫队打击了位于约旦的美军基地,目标包括敌方战斗机部署区以及F-35、F-16和F-15战斗机的掩体,对敌方部队造成“严重破坏”。约旦军方随后发表声明说,约旦防空系统成功摧毁18枚伊朗射向约旦的弹道导弹。(完)

图说:4月16日,美国总统特朗普在华盛顿白宫南草坪接受媒体采访。(李源清摄)