ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်၌ ပါကစ္စတန် သမ္မတရုံးကို ၂၀၂၆ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်၌ ပါကစ္စတန် သမ္မတရုံးကို ၂၀၂၆ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် အလွန်အမြော်အမြင်ကြီးမားသော အဆိုပြုချက်ဖြစ်ပြီး တရုတ်ဉာဏ်ပညာ၏ ထင်ရှားသော သရုပ်ဖော်မှုတစ်ရပ်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sajjad Haider Khan က စက်တင်ဘာ ၁၀ ရက်တွင်  ပြောကြားခဲ့သည်။

ထိုနေ့ ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ Sajjad က ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ စတင်အဆိုပြုချိန်မှစ၍ ပါကစ္စတန်နိုင်ငံသည် ၎င်းကို နိုင်ငံတကာဆက်ဆံရေးတွင် တရားမျှတမှု၊ သမာသမတ်ကျမှုနှင့် အားလုံးပါဝင်နိုင်မှုတို့ကို မြှင့်တင်ပေးသည့် ကမ္ဘာ့အများပြည်သူဆိုင်ရာထုတ်ကုန်ပစ္စည်းအဖြစ် အစဉ်အမြဲ ရှုမြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) တရားဝင် စတင်လည်ပတ်ခြင်း၊ ကမ္ဘာ့ဒေတာအဖွဲ့ (WDO) နှင့် ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO) တို့ တစ်ခုပြီးတစ်ခု ဖွဲ့စည်းတည်ထောင်ခြင်းတို့နှင့် စပ်လျဉ်း၍ Sajjad က ဤရလဒ်များသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ၏ အားကောင်းသော ရှင်သန်နိုင်စွမ်းနှင့် ဆွဲဆောင်မှုတို့ကို အပြည့်အဝ ဖော်ထုတ်ပြသပြီး ကမ္ဘာကြီးငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အထောက်အပံ့ ပေးအပ်ကြောင်း ပြောကြားခဲ့သည်။

Sajjad က ပါကစ္စတန်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို အမြဲ ထောက်ခံအားပေးကာ တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အနာဂတ်ကို ရှုမျှော်ကြည့်လျှင် ပါကစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို ပိုမိုနက်ရှိုင်းခိုင်မာအောင် တွန်းအားပေးဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

...............................

(Chinese Version)

巴基斯坦外交部:全球治理倡议是中国智慧的生动体现

新华社伊斯兰堡9月11日电(记者杨恺)巴基斯坦外交部发言人萨贾德·海德尔·汗10日说,全球治理倡议是富有远见卓识的倡议,是中国智慧的生动体现。  

萨贾德当天在例行记者会上表示,自2025年9月全球治理倡议提出以来,巴基斯坦始终将其视为在国际关系中促进公平、正义与包容的全球公共产品。  

谈到国际调解院正式运营,世界数据组织、世界人工智能合作组织相继成立,萨贾德说,这些成果充分彰显全球治理倡议的强大生命力与吸引力,为世界和平、和谐与共同发展提供坚实支撑。  

萨贾德表示,巴基斯坦一贯支持并积极落实全球治理倡议。展望未来,巴方愿与中国及其他各国携手合作,推动全球治理倡议进一步走深走实。(完)

图说:这是2026年5月22日在巴基斯坦首都伊斯兰堡拍摄的巴基斯坦总统府。新华社发(艾哈迈德·卡迈勒摄)