တောင်ကိုရီးယားနိုင်ငံ Yongin မြို့ရှိ Everland အပန်းဖြေဥယျာဉ်၌ ရက် ၁၀၀ ပြည့်ပြီးသော ပန်ဒါဝက်ဝံလေး “စူပေါင်” က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် မီဒီယာများရှေ့သို့ ပထမဆုံးအကြိမ် ပွဲထွက်ပြသနေစဉ် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ Yongin မြို့ရှိ Everland အပန်းဖြေဥယျာဉ်၌ ရက် ၁၀၀ ပြည့်ပြီးသော ပန်ဒါဝက်ဝံလေး “စူပေါင်” က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် မီဒီယာများရှေ့သို့ ပထမဆုံးအကြိမ် ပွဲထွက်ပြသနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ Everland အပန်းဖြေဥယျာဉ်သည် ယခုနှစ် ဇွန်လတွင် တောင်ကိုရီးယား၌ မွေးဖွားခဲ့သော ပန်ဒါဝက်ဝံပေါက်စလေး၏ အမည်ကို စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဤရက် ၁၀၀ ပြည့်သွားသော ပန်ဒါဝက်ဝံလေးအား “စူပေါင်” ဟု အမည်ပေးခဲ့သည်။ ယင်းနေ့တွင်ပင် ဤပန်ဒါဝက်ဝံလေးက အများပြည်သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

ဤပန်ဒါဝက်ဝံလေး၏ မိဘများမှာ ၂၀၁၆ ခုနှစ်တွင် တောင်ကိုရီးယားသို့ အလည်ရောက်ရှိလာသည့် “လဲ့ပေါင်”  နှင့်  “အိုက်ပေါင်” တို့ဖြစ်ပြီး ၎င်းသည် ဇွန်လ ၃ ရက် မွေးဖွားစဉ်က ကိုယ်အလေးချိန် ၁၇၁ ဂရမ် ရှိသည်။ (Xinhua)

………………………

(Chinese Version)

韩国爱宝乐园新生大熊猫幼崽得名“曙宝”

新华社首尔9月11日电(记者张粲)韩国爱宝乐园11日公布今年6月在韩出生的大熊猫幼崽的名字,这只出生满百天的大熊猫幼崽得名“曙宝”。当天也是这只大熊猫幼崽首次与公众见面。

这只大熊猫幼崽的父母是2016年来韩的“乐宝”和“爱宝”,6月3日出生时体重为171克。(完)

图说:9月11日,在韩国龙仁的爱宝乐园,刚满百天的大熊猫幼崽“曙宝”首次对媒体亮相。新华社记者 姚琪琳 摄