အိုမန်နိုင်ငံ မြောက်ပိုင်း မြို့ငယ်လေးဖြစ်သော Khasab ၌ ရိုက်ကူးထားသည့် ဟော်မုဇ် ရေလက်ကြား တောင်ဘက်ခြမ်း၏ ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က အခြေအနေကို တွေ့ရစဉ် (ဆင်ဟွာ)
အိုမန်နိုင်ငံ မြောက်ပိုင်း မြို့ငယ်လေးဖြစ်သော Khasab ၌ ရိုက်ကူးထားသည့် ဟော်မုဇ် ရေလက်ကြား တောင်ဘက်ခြမ်း၏ ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က အခြေအနေကို တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ၎င်းတပ်ဖွဲ့သည် စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ဟော်မုဇ် ရေလက်ကြား အဝင်ဝ၌ အမေရိကန် စစ်ဘက်သုံး ဒရုန်းလှေတစ်စီးကို ဖျက်ဆီးခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသတင်းအေဂျင်စီ (IRNA) ၏ သတင်းဖော်ပြချက်အရ အဆိုပါ ကြေညာချက်၌ အမေရိကန်စစ်တပ်သည် ယခုရက်ပိုင်းအတွင်း ဟော်မုဇ် ရေလက်ကြားသို့ မောင်းသူမဲ့ရေယာဉ်များ စေလွှတ်ခဲ့ကြောင်း၊ ယင်းတို့အနက် ရေယာဉ်နံပါတ် “5838” ဟု တပ်ဆင်ထားသော ရေယာဉ်တစ်စီးအား ရေလက်ကြား အဝင်ဝ၌ အီရန်ဘက်က ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က လက်ရှိတွင် ဟော်မုဇ် ရေလက်ကြားသည် ၎င်းတို့၏ "ထိန်းချုပ်ကွပ်ကဲမှု၊ သတင်းအချက်အလက်နှင့် စောင့်ကြည့်ထောက်လှမ်းမှု" အောက်တွင် ရှိနေကြောင်း တစ်ပြိုင်နက်တည်း ပြောကြားခဲ့ပြီး မည်သည့် "ရန်လိုသော လှုပ်ရှားဆောင်ရွက်မှု" မဆို တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ (Xinhua)

------------------

(Chinese Version)

伊朗称在霍尔木兹海峡击毁一艘美军无人艇

  新华社德黑兰9月10日电 伊朗伊斯兰革命卫队海军10日晚发表声明说,该部队当天在霍尔木兹海峡入口处击毁一艘美军无人艇。

  据伊朗伊斯兰共和国通讯社报道,这份声明说,美军近期向霍尔木兹海峡派遣无人艇,其中一艘艇体编号为“5838”的无人艇在海峡入口处被伊方击毁。

  伊斯兰革命卫队海军同时表示,霍尔木兹海峡目前处于其“控制和情报监视”之下,并警告称,任何“敌对行动”都将遭到打击。

图说 1 :这是6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧现状。 新华社记者 温新年 摄