အီရန်နိုင်ငံ မြို့တော် တီဟီရန်၌ ကျင်းပသော ပြပွဲတွင် ပြည်တွင်းထုတ်ဒရုန်းများအား ကြည့်ရှုလေ့လာနေကြသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ မြို့တော် တီဟီရန်၌ ကျင်းပသော ပြပွဲတွင် ပြည်တွင်းထုတ်ဒရုန်းများအား ကြည့်ရှုလေ့လာနေကြသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ Muwaffaq Salti လေတပ်အခြေစိုက်စခန်းအား အီရန်က စက်တင်ဘာ ၈ ရက် တိုက်ခိုက်မှုအတွင်း အမေရိကန် စစ်လေယာဉ် အများအပြား ပျက်စီးသွားခဲ့ကြောင်း အမေရိကန် မီဒီယာများက စက်တင်ဘာ ၉ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။

A-10 "Thunderbolt" တိုက်ခိုက်ရေး လေယာဉ်တစ်စင်း ထိမှန်ခဲ့ပြီး တောင်ပံတစ်ဖက် ကျိုးသွားခဲ့ကြောင်း၊ အခြား F-15 တိုက်လေယာဉ် ၈ စင်းမှာလည်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့သော်လည်း လက်ရှိတွင် ပြန်လည်အသုံးပြုနေပြီဖြစ်ကြောင်း အမေရိကန် CBS သတင်းဌာနက သတင်းရင်းမြစ်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အမေရိကန်စစ်တပ်က စက်တင်ဘာ ၈ ရက်တွင် အီရန် ရေနံတင်သင်္ဘော ၅ စင်းကို တိုက်ခိုက်ခဲ့ပြီးနောက် ယခုလို အီရန်ဘက်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဂျော်ဒန်နိုင်ငံ၌ တပ်စွဲထားသော အမေရိကန်စစ်တပ်သည် အီရန်၏ တိုက်ခိုက်မှုကို လေကြောင်းရန် ကာကွယ်ရေးအတွက် "Patriot" လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် ၃၀ ကျော် ပစ်ခတ်ခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။

အီရန် ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်မှတ်များတွင် ရန်သူ့တိုက်လေယာဉ် တပ်ဖြန့်ချထားသည့် ဧရိယာနှင့် F-35 ၊ F-16 ၊ F-15 တိုက်လေယာဉ်များ သိမ်းဆည်းသည့် အကာအကွယ်များ ပါဝင်ကာ ရန်သူ့တပ်ဖွဲ့များအား "ပြင်းထန်စွာ ပျက်စီးဆုံးရှုံးမှု" ဖြစ်ပေါ်စေခဲ့ကြောင်း အီရန်မီဒီယာများ၏ အစောပိုင်း သတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)

ဂျော်ဒန်နိုင်ငံ Aqaba ဒေသတွင် ဒုံးကျည်ကျရောက်၍ ဖုန်ထနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျော်ဒန်နိုင်ငံ Aqaba ဒေသတွင် ဒုံးကျည်ကျရောက်၍ ဖုန်ထနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------

(Chinese Version)

美媒:多架美国军机在伊朗对约旦基地袭击中受损

  新华社华盛顿9月9日电 据美国媒体9日报道,多架美国军机在伊朗8日对约旦穆沃费格萨勒提空军基地的袭击中受损。

  美国哥伦比亚广播公司援引消息人士的话报道说,一架A-10“雷电”攻击机被击中,一侧机翼断裂。另有8架F-15战斗机轻微受损,现已重新投入使用。

  报道说,伊朗的袭击发生在美军8日打击5艘伊朗油轮后。驻约旦美军发射了30多枚“爱国者”防空导弹以防御伊朗袭击。

  据伊朗媒体此前报道,作为对伊朗油轮遭袭的回应,伊朗伊斯兰革命卫队打击了位于约旦的美军基地,目标包括敌方战斗机部署区以及F-35、F-16和F-15战斗机的掩体,对敌方部队造成“严重破坏”。

图说 1 : 2025 年11月12日,民众在伊朗首都德黑兰举办的展览上参观国产无人机。新华社记者 沙达提 摄

图说 2 :7月19日,在约旦亚喀巴,导弹掉落引起烟尘。新华社发