
ကိုလံဘို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ငှက်ဖျားရောဂါကင်းစင်သောနိုင်ငံအဖြစ် အတည်ပြုချက်ရရှိခဲ့သည်မှာ ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ နိုင်ငံအတွင်း ငှက်ဖျားရောဂါပိုး ကူးစက်ပြန့်ပွားမှုကို အောင်မြင်စွာ ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်တွင် ငှက်ဖျားရောဂါကင်းစင်သောနိုင်ငံအဖြစ် အတည်ပြုချက်ရရှိခဲ့ပြီးနောက် ငှက်ဖျားရောဂါ ပြန်လည်မဖြစ်ပွားစေရန် အမျိုးသားအဆင့်ကတိကဝတ်များ၊ စောင့်ကြည့်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည့်အတွက် WHO အရှေ့တောင်အာရှဒေသဆိုင်ရာရုံးက သီရိလင်္ကာနိုင်ငံကို ချီးကျူးအသိအမှတ်ပြုခဲ့သည်။
စက်တင်ဘာ ၈ ရက်တွင် ကျင်းပသည့် ၇၉ ကြိမ်မြောက် WHO အရှေ့တောင်အာရှဒေသဆိုင်ရာ ကော်မတီညီလာခံတွင် သီရိလင်္ကာနိုင်ငံ အပါအဝင် အခြားနိုင်ငံအများအပြားကို ချီးကျူးဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။
သီရိလင်္ကာနိုင်ငံသည် မိခင်နှင့်မွေးကင်းစကလေး မေးခိုင်ရောဂါကင်းစင်မှုကို ၁၀ နှစ်တိုင်တိုင် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည့် ဒေသတွင်း ကိုးနိုင်ငံအနက် တစ်နိုင်ငံလည်း ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရှေ့တောင်အာရှဒေသတစ်ဝန်း အမျိုးသားအဆင့်ဆက်လက်ကတိကဝတ်ပြုမှု၊ ထိရောက်သည့်ကျန်းမာရေးစနစ်၊ ရောဂါစောင့်ကြည့်စစ်ဆေးမှုနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုများကြောင့် ယခုကဲ့သို့ ရေရှည်တည်တံ့သည့်အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………….
(English Version)
Sri Lanka marks decade as malaria-free country
COLOMBO, Sept. 10 (Xinhua) -- Sri Lanka has marked 10 years since being certified malaria-free by the World Health Organization (WHO), maintaining elimination of indigenous transmission of all human malaria parasites in the country.
The WHO South-East Asia Region recognized Sri Lanka for sustaining its malaria-free status since certification in 2016, citing continued national commitment and surveillance efforts aimed at preventing the re-establishment of the disease.
Sri Lanka was among several countries recognized on Tuesday during the 79th Session of the WHO Regional Committee for South-East Asia.
The country was also among nine regional members recognized for sustaining the elimination of maternal and neonatal tetanus for a decade following validation.
WHO said the achievements reflected sustained national commitment, effective health systems, surveillance and community engagement across the South-East Asia Region.
Photo caption: A health worker sprays insecticide to prevent mosquitoes from breeding in a residential area in Colombo, Sri Lanka, Jan. 4, 2024. (Photo by Gayan Sameera/Xinhua)








