
မော်စကို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ပူတင်သည် ရုရှားသို့ လာရောက်လည်ပတ်သော ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ တိုလမ်နှင့် စက်တင်ဘာ ၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရုရှား-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဟု ပြောကြားခဲ့သည်။
ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ ပူတင်နှင့် တိုလမ်တို့သည် လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း အရေးကြီးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး နိုင်ငံတကာဥပဒေကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ရန်၊ အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အတူတကွ တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။
ရုရှားနှင့် ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ဆက်လက်တိုးတက်လျက်ရှိပြီး ယဉ်ကျေးမှု၊ ပညာရေးနှင့် လုံခြုံရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တစ်နေ့တခြား ကျယ်ပြန့်လျက်ရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည် ယခုနှစ် မတ်လတွင် လက်မှတ်ရေးထိုးခဲ့သော အစိုးရချင်း သဘောတူညီချက်အရ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်ဖက်စလုံးသည် ဗီယက်နမ်နိုင်ငံ၌ နျူကလီးယား သိပ္ပံနှင့် နည်းပညာစင်တာတစ်ခု တည်ဆောက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။
တိုလမ်က ဗီယက်နမ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ အလွန်အလေးထားကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် ပူးပေါင်းညှိနှိုင်းမှုများကို မြှင့်တင်ကာ ကုလသမဂ္ဂ၏ အဓိက အခန်းကဏ္ဍကို အားဖြည့်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
-------------------
(Chinese Version)
普京:将深化同越南的全面战略伙伴关系
新华社莫斯科9月9日电(记者王作葵)俄罗斯总统普京9日同到访的越共中央总书记、国家主席苏林举行会谈,表示将进一步加强俄越全面战略伙伴关系。
据克里姆林宫网站发布的消息,普京与苏林就当前国际和地区热点问题交换意见,主张应坚定维护国际法,共同倡导维护亚太稳定和可持续发展。
普京表示,俄罗斯与越南双边贸易额不断增长,文化、教育和安全等领域的合作日益扩大。双方根据今年3月签署的政府间协议,将合作建设越南首座核电站。此外,双方还计划在越南建设一个核科学技术中心。
苏林表示,越南始终高度重视发展同俄罗斯的关系。两国应加强在联合国等多边机制框架下的协调,强化联合国的核心作用。
图说 1 :Vietnamese President To Lam holds talks with Russian President Vladimir Putin in Hanoi, Vietnam, June 20, 2024. (VNA/Handout via Xinhua)








