အီသီယိုးပီးယားနိုင်ငံ Modjo မြို့၌ ရိုက်ကူးထားသည့် တိုးချဲ့ဆောက်လုပ်ပြီးစီးခဲ့သော Modjo ကုန်းတွင်းဆိပ်ကမ်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံ Modjo မြို့၌ ရိုက်ကူးထားသည့် တိုးချဲ့ဆောက်လုပ်ပြီးစီးခဲ့သော Modjo ကုန်းတွင်းဆိပ်ကမ်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီသီယိုးပီးယား၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၁၀ ရက်တွင် China Civil Engineering Construction Corporation မှ တာဝန်ယူဆောက်လုပ်သော အီသီယိုးပီးယားနိုင်ငံ Modjo ကုန်းတွင်းဆိပ်ကမ်း တိုးချဲ့ဆောက်လုပ်ရေး စီမံကိန်းသည် Modjo မြို့၌ တည်ဆောက်ပြီးစီးခဲ့သည်။ ယင်းမှာ အီသီယိုးပီးယား၏ ကုန်စည်ပို့ဆောင်ရေး ထိရောက်မှုကို အင်အားဖြည့်မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။

Modjo ကုန်းတွင်းဆိပ်ကမ်းသည် အီသီယိုးပီးယားနိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းရှိ အိုရိုမီယာပြည်နယ် Modjo မြို့တွင် တည်ရှိပြီး မြို့တော် အဒစ်အာဘာဘာမှ ၇၀ ကီလိုမီတာခန့် ကွာဝေးသည်။ အီသီယိုးပီးယားနိုင်ငံအတွင်း အကြီးဆုံး ကုန်းတွင်းဆိပ်ကမ်းဖြစ်သည်နှင့်အမျှ Modjo ကုန်းတွင်းဆိပ်ကမ်းသည် ၎င်းနိုင်ငံ၏ သွင်းကုန်အများစုကို သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့အတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ယခုအကြိမ် Modjo ကုန်းတွင်းဆိပ်ကမ်း တိုးချဲ့ဆောက်လုပ်ရေးတွင် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာသန်း ၁၁၀ ခန့် ရှိပြီး ကမ္ဘာ့ဘဏ်မှ ချေးငွေ အပြည့်အဝ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ (Xinhua)

-------------------

(Chinese Version)

中企承建埃塞旱港项目竣工

  当日,由中国土木工程集团有限公司承建的埃塞俄比亚莫焦旱港扩建项目在莫焦市竣工,将有力提升埃塞货物运输效率并降低物流成本。

  莫焦旱港位于埃塞俄比亚中南部的奥罗米亚州莫焦市,距离首都亚的斯亚贝巴约70公里。作为埃塞境内最大的内陆港口,莫焦旱港承载着该国大部分进口货物的存储和运输。此次莫焦旱港扩建耗资约1.1亿美元,全部由世界银行提供贷款融资。

图说 1 :这是9月10日在埃塞俄比亚莫焦市拍摄的扩建后的莫焦旱港(手机照片)。新华社记者刘方强摄

图说 2 :这是9月10日在埃塞俄比亚莫焦市拍摄的扩建后的莫焦旱港一处入口(手机照片)。新华社记者刘方强摄