
ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဘရာဇီးအသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီက ဩစတြေးလျ၊ အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲများအတွက် အသင်းလူစာရင်းကို စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ မျက်နှာသစ်ကစားသမား ၈ ဦးအထိ ထည့်သွင်းရွေးချယ်ခဲ့သည်။
လက်ရွေးစင်အသင်း၌ ပထမဆုံးအကြိမ် ရွေးချယ်ခံရသည့် ကစားသမားများအနက် ကိုရီတီဘာအသင်းဂိုးသမား ပက်ဒရို မော်ရစ်စကို၊ ခရူဇီယိုအသင်းဂိုးသမား အော့တာဗီယို၊ ကိုရင်သီယန်စ်နောက်ခံလူ မာသီအူဇင်ဟိုနှင့် အက်သလက်တီကို ပါရာနာအန်စီအသင်းနောက်ခံလူ အာသာ ဒီယက်စ်တို့ ပါဝင်လာခဲ့သည်။
ထို့ပြင် နော်တင်ဟမ်ဖောရက်စ် ဗဟိုနောက်ခံလူ ဂျိုင်ယာ ကွန်ညာ၊ ပီအက်စ်ဗီ နောက်ခံအစွန်လူ မော်ရို ဂျူနီယာ၊ ကိုရင်သီယန်စ် ကွင်းလယ်လူ ဘရီနို ဘီဒန်၊ ဆန်းတို့စ်ကွင်းလယ်လူ ဂါဘရီရယ် ဘွန်တမ်ပိုတို့လည်း မျက်နှာသစ်ကစားသမားများထဲတွင် ပါဝင်လာခဲ့သည်။
"တံခါးပိတ်ထားတာမျိုး မရှိပါဘူး" ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။ "ဘယ်သူ့အတွက်မဆို တံခါးဖွင့်ထားပါတယ်။ လက်ရှိမှာတော့ လူငယ်ကစားသမားလေးတွေအပေါ် အာရုံစိုက်ပြီး သူတို့ရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်ချင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
အန်ဆယ်လော့တီ ရွေးချယ်ခဲ့သည့် ကစားသမား ၂၆ ဦး စာရင်း၌ ယခုနှစ် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပခဲ့သည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့်၌ နော်ဝေအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသော လူစာရင်းမှ ကစားသမား ၁၀ ဦးသာ ပြန်လည်ပါဝင်လာခဲ့သည်။
လက်ရွေးစင်အသင်းမှ အနားယူသွားပြီဖြစ်သော နေမာအပြင် ကက်စီမီရို၊ အယ်လစ်ဆန်၊ အက်ဒါဆန်၊ ဒန်နီလို၊ ဝီဗာတန်နှင့် အခြားကစားသမားအချို့မှာလည်း အသင်းစာရင်း၌ ပါဝင်လာခဲ့ခြင်းမရှိပေ။
ဗင်နီစီယက်စ် ဂျူနီယာ၊ ရာဖင်ညာနှင့် အန်းဒရစ်ခ်တို့မှာမူ လက်ရှိလူစာရင်း၌ ပြန်လည်ရွေးချယ်ခံခဲ့ရသည်။
"ကမ္ဘာ့ဖလားပြိုင်ပွဲက ကျွန်တော်တို့အတွက်ရော ကျွန်တော်ကိုယ်တိုင်အတွက်ပါ အကြီးအကျယ် စိတ်ပျက်စရာပါပဲ" လို့ အန်ဆယ်လော့တီက ဝန်ခံခဲ့သည်။ "ကျွန်တော်တို့ ရောက်ချင်တဲ့ပန်းတိုင်ကို မရောက်ခဲ့ဘူး။ ပြိုင်ပွဲကနေ အဲဒီလိုမျိုးထွက်ခွာခဲ့ရတာက သိပ်ကိုနာကျင်စရာကောင်းပြီး တကယ့်ကို စိတ်ပျက်စရာပါပဲ" ဟုလည်း ၎င်းက ပြောသည်။
ဘရာဇီးအသင်းအနေဖြင့် စက်တင်ဘာ ၂၅ ရက်နှင့် ၂၉ ရက်တို့တွင် တောင်းစ်ဗီးလ်နှင့် ဘရစ္စဘိန်းမြို့တို့၌ ဩစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ထို့နောက် လေးရက်အကြာ အောက်တိုဘာ ၃ ရက်တွင် ကိုလ်ကတ္တားမြို့၌ အိန္ဒိယအသင်းနှင့် ကစားမည်ဖြစ်သည်။ (Xinhua)
.................................
(English Version)
Brazil turns to youth for friendlies
RIO DE JANEIRO, Sept. 9 (Xinhua) -- Brazil manager Carlo Ancelotti named eight newcomers in his squad on Wednesday for friendlies against Australia and India.
The uncapped players include Coritiba goalkeeper Pedro Morisco, Cruzeiro goalkeeper Otavio, Coritnhians full-back Matheuzinho and Athletico Paranaense defender Arthur Dias.
Other new faces were Nottingham Forest center-back Jair Cunha, PSV full-back Mauro Junior, Corinthians midfielder Breno Bidon and Santos midfielder Gabriel Bontempo.
"There is no closed door," Ancelotti told reporters. "The door is open to everyone. Of course, right now I prefer to focus my work on the young players and follow their progress."
Only 10 of the 26 players named by Ancelotti were part of the squad that was eliminated by Norway in the round of 16 at this year's FIFA World Cup in the United States, Mexico and Canada.
Missing were Neymar, who has retired from international football, Casemiro, Alisson, Ederson, Danilo and Weverton, among others.
Those who retained their places included Vinicius Junior, Raphinha and Endrick.
"The World Cup was a huge disappointment for us and for me," Ancelotti said. "We didn't reach where we wanted to be. The elimination was very painful, and we regret it.
Brazil will play Australia in Townsville and Brisbane on September 25 and 29 before facing India in Kolkata four days later.
Photo caption 1: Carlo Ancelotti, head coach of Brazil, reacts before the group C match between Brazil and Morocco at the 2026 FIFA World Cup at New York New Jersey Stadium in New York, the United States, June 13, 2026. (Xinhua/Cao Can)
Photo caption 2: Vinicius Jr (front) of Brazil celebrates his goal during the group C match between Scotland and Brazil at the 2026 FIFA World Cup at Miami Stadium, Miami, the United States, June 24, 2026. (Xinhua/Xu Zijian)



ae79c6cf850477df9bdb0d231518b2338825fd92.content.article_card.avif)




