
ဝါရှင်တန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ ဖိအားများနေချိန်တွင် အမေရိကန်သမ္မတ ထရမ့်က စက်တင်ဘာ ၉ ရက် ညပိုင်း၌ ရီပက်ဘလစ်ကန်ပါတီများ အနိုင်ရပါက အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသား တစ်ဦးချင်းစီအား ကန်ဒေါ်လာ ၅,၀၀၀ ပေးအပ်မည်ဟု ပြောကြားခဲ့သည်။ အမေရိကန်ဒီမိုကရက်များနှင့် အမေရိကန်မီဒီယာများက ယင်း "ကတိ” အား သံသယရှိကြောင်း ဖော်ပြခဲ့ကြသည်။
အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ ထရမ့်က တက္ကဆက်ပြည်နယ်၊ ဒါးလတ်စ်မြို့တွင် ကျင်းပသည့် ရီပက်ဘလစ်ကန် ရန်ပုံငွေရှာပွဲ၌ ရီပက်ဘလစ်ကန်ပါတီများက လွှတ်တော်နှစ်ရပ်လုံးအပေါ် ထိန်းချုပ်မှုကို ဆက်လက်ထိန်းထားနိုင်ပါက အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသား တစ်ဦးချင်းစီအား ဒေါ်လာ ၅,၀၀၀ တန်သော “အကျိုးအမြတ်ဝေစု” ပေးအပ်မည်ဟု ကတိပြုခဲ့သည်။ ထရမ့်က ယင်းငွေကို ၎င်းအစိုးရက နိုင်ငံခြားကုန်ပစ္စည်းများအပေါ် ကောက်ခံသည့် စည်းကြပ်ခွန်ဝင်ငွေမှ ထောက်ပံ့နိုင်သည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
ထရမ့်၏ အစီအစဉ်သည် အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း အမေရိကန် ကိုလံဘီယာ ရုပ်သံလွှင့်ကုမ္ပဏီ (CBS) ၏ အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသား ၂၄၀ သန်းခန့်အပေါ် အခြေခံ၍ တွက်ချက်မှုအရ သိရသည်။ အမေရိကန် ဒီမိုကရက်တစ် အမျိုးသား ကော်မတီ ဥက္ကဋ္ဌ Ken Martin ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် မည်သည့် စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်မဆို ငွေကြေးဖောင်းပွမှုကို အရှိန်အဟုန်ဖြင့် မြင့်တက်လာစေနိုင်သည့် အန္တရာယ် ရှိနေကြောင်း ဖော်ပြထားသည်။
ထရမ့်၏ ဤကတိသည် “ဘဏ္ဍာရေးနဲ့ နိုင်ငံရေးအရပါ အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်တယ်” ဟု အမေရိကန် အေပီ သတင်းဌာနက သုံးသပ်ထားသည်။ (Xinhua)
………………………..
(Chinese Version)
美国民主党人质疑总统“每人发5000美元”许诺
新华社华盛顿9月10日电 在美国国会中期选举选情承压之际,美国总统特朗普9日晚说,若共和党胜选,将向每名美国成年人发放5000美元。美国民主党人和美国媒体都对该“许诺”表示质疑。
据美媒报道,特朗普9日晚在得克萨斯州达拉斯举行的共和党筹款集会上许诺,若共和党保住国会两院控制权,将向每名美国成年人发放5000美元的“红利”。特朗普暗示此款项可由他的政府对外国商品征收的关税来提供。
美国哥伦比亚广播公司按照美国约有2.4亿成年公民测算,特朗普的计划将耗资约1.2万亿美元。报道援引美国民主党全国委员会主席肯·马丁的话称,任何经济刺激计划都存在导致通货膨胀飙升的风险。
美联社分析说,特朗普这一许诺恐在“财政和政治层面均难以落地”。(完)
图说:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)








