အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော်အယ်လ်ဂျီးယား ညဘက်မြို့ပြမြင်ကွင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော်အယ်လ်ဂျီးယား ညဘက်မြို့ပြမြင်ကွင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အယ်လ်ဂျီးယား၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံအနေဖြင့် စက်တင်ဘာ ၁၀ ရက်မှစ၍ ယူအေအီးနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ အယ်လ်ဂျီးရီးယားနိုင်ငံက ထိုမတိုင်မီ နှစ်ဖက်ဆက်ဆံရေးကို အစွမ်းကုန်ကြိုးပမ်း၍ ထိန်းသိမ်းခဲ့ပြီးဖြစ်ကြောင်း အယ်လ်ဂျီးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထို‌နေ့တွင် ပြောကြားခဲ့သည်ဟု အယ်လ်ဂျီးရီးယား မီဒီယာများ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။

သတင်းတွင် အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်ရပ်ကို ကိုးကား၍ အယ်လ်ဂျီးရီးယားနိုင်ငံ အစိုးရအနေဖြင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ယူအေအီးနိုင်ငံသည် တစ်ဇွတ်ထိုး လုပ်ဆောင်ခဲ့ကြောင်း၊ “၎င်း၏လုပ်ရပ်မှာ အချုပ်အခြာအာဏာပိုင်နိုင်ငံများအကြား လက်ခံနိုင်သော သို့မဟုတ် သည်းခံနိုင်သော အတိုင်းအတာ နောက်ဆုံးစည်းကို ကျော်လွန်သွားပြီ” ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် နှစ်ဖက်ဆက်ဆံရေး ထိန်းသိမ်းရန်အတွက် အစွမ်းကုန်ကြိုးပမ်းပြီးနောက် အယ်လ်ဂျီးရီးယားနိုင်ငံအစိုးရအနေဖြင့် ယနေ့တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းဖော်ပြထားသည်။

အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထိုနေ့တွင် အယ်လ်ဂျီးရီးယားနိုင်ငံဆိုင်ရာ ယူအေအီးနိုင်ငံ သံအမတ်ကြီးထံသို့ အဆိုပါဆုံးဖြတ်ချက်အား တရားဝင်အသိပေးခဲ့ပြီးဖြစ်ကာ ၎င်းက ၄၈ နာရီအတွင်း အဆိုပါဆုံးဖြတ်ချက်အား လိုက်နာရန်လည်း တောင်းဆိုခဲ့ကြောင်း သတင်းက ဖော်ပြထားသည်။ (Xinhua)

---------------------

(Chinese Version)

阿尔及利亚宣布与阿联酋断交

新华社阿尔及尔9月10日电(记者周昊瑾)据阿尔及利亚媒体10日报道,阿尔及利亚外交部当天表示,阿尔及利亚决定即日起与阿联酋断绝外交关系。阿尔及利亚方面此前已竭尽一切努力维护双边关系。  

报道援引阿尔及利亚外交部一份声明报道说,尽管阿尔及利亚政府屡次发出警告,阿联酋仍一意孤行,“其行为逾越了主权国家间关系所能接受或容忍的底线”。“鉴于此,在穷尽一切维护双边关系的努力后,阿尔及利亚政府今日决定与阿拉伯联合酋长国断绝外交关系。”  

报道还说,阿尔及利亚外交部已于当天正式告知阿联酋驻阿尔及利亚大使这一决定,并要求其在48小时内遵守该决定。(完)

图说:这是2024年2月3日在阿尔及利亚首都阿尔及尔拍摄的城市夜景。新华社发