
ဗီယင်နာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ဘုတ်အဖွဲ့သည် စက်တင်ဘာ ၉ ရက်တွင် အီရန်နျူကလီးယားအရေးအား သုံးသပ်ဆွေးနွေးခဲ့သည်။ IAEA ဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် လီဆုန်းက တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ပြောကြားရာတွင် လီဆုန်းက လွန်ခဲ့သည့်နှစ် ဇွန်လမှစ၍ အမေရိကန်နှင့် အစ္စရေးတို့သည် IAEA ၏ အာမခံချက်နှင့် စောင့်ကြည့်ကွပ်ကဲမှုအောက်ရှိ အီရန်၏ ငြိမ်းချမ်းသော နျူကလီးယားအဆောက်အအုံများကို နှစ်ကြိမ်တိုင် စစ်ရေးအရ တိုက်ခိုက်ခဲ့ရာ အီရန်နှင့် အေဂျင်စီအကြား အာမခံချက်နှင့် စောင့်ကြည့်ကွပ်ကဲမှု ပူးပေါင်းဆောင်ရွက်ရေးအပေါ် ပြင်းထန်သော အတားအဆီးများ ဖြစ်စေခဲ့ကြောင်း၊ ယင်းသည် နျူကလီးယားမပြန့်ပွားရေးစာချုပ် (NPT) ယန္တရားကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး အီရန်နှင့် အေဂျင်စီအကြား ပူးပေါင်းဆောင်ရွက်မှုကို ယနေ့အထိ ပုံမှန်အတိုင်း ပြန်လည်မရောက်ရှိနိုင်သည့် အခြေခံအကြောင်းရင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။
လီဆုန်းက ဘုတ်အဖွဲ့အတွင်း နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် အီရန်နျူကလီးယားအရေးကို မဖြေရှင်းနိုင်ကြောင်း၊ အတင်းအကျပ် ဆုံးဖြတ်ချက်ချခြင်းသည် ပဋိပက္ခကို ပိုမိုလှုံ့ဆော်ပေးမည်သာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြခြင်းသည် ထွက်ပေါက်မရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ အီရန်နျူကလီးယားအရေး၏ သမိုင်းကြောင်းက နိုင်ငံရေးနှင့် သံတမန်ရေးအရ ဖြေရှင်းခြင်းသာလျှင် အီရန်နျူကလီးယားအရေးအတွက် ထွက်ပေါက်ဖြစ်ကြောင်း အပြည့်အဝ သက်သေပြခဲ့ကြောင်း၊ ယခုနှစ် ဇွန်လတွင် အမေရိကန်နှင့် အီရန်တို့သည် အဆင့်လိုက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းသည် ဘက်ပေါင်းစုံ ဖျန်ဖြေညှိနှိုင်းမှု၏ အဖိုးတန်သော ရလဒ်ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေး တံခါးဖွင့်ထားပြီးမှ ပိတ်မထားသင့်ဘဲ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိနေသရွေ့ လက်မလျှော့သင့်ကြောင်း၊ လက်ရှိအရေးတကြီးလုပ်ဆောင်ရမည့်အချက်မှာ အခြေအနေကို ဖြေလျှော့စေရန်နှင့် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းဆီ ပြန်လည်ဦးတည်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အီရန်နျူကလီးယားအရေးကို နိုင်ငံရေးအရ ဖြေရှင်းရန်တွန်းအားပေးသွားပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် မဆုတ်မနစ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လီဆုန်းက ပြောကြားခဲ့သည်။
အစည်းအဝေးအတွင်း IAEA အဖွဲ့ဝင်နိုင်ငံများက အချေအတင်ဆွေးနွေးမှုများ အကြိတ်အနယ် ပြုလုပ်ခဲ့ကြပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ အတူတကွ တွန်းအားပေးသည့် အီရန်နျူကလီးယားအရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ မဲပေးပိုင်ခွင့်ရှိသော ဘုတ်အဖွဲ့မှ အဖွဲ့ဝင် ၃၄ နိုင်ငံအနက် တရုတ်၊ ရုရှားနှင့် နိုင်ဂျာတို့က ကန့်ကွက်မဲပေးခဲ့ပြီး ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယ၊ အီဂျစ်၊ ထိုင်းစသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၈ နိုင်ငံက ကြားနေမဲပေးခဲ့ကြသည်။ (Xinhua)
................................
(Chinese Version)
中国代表:政治外交解决才是伊朗核问题出路
新华社维也纳9月9日电 国际原子能机构理事会9日审议伊朗核问题。中国常驻国际原子能机构代表李松发言阐述中方立场。
李松指出,去年6月以来,美国、以色列两次军事打击伊朗接受国际原子能机构保障监督的和平核设施,对伊方与机构之间的保障监督合作造成严重障碍,对《不扩散核武器条约》机制构成严重打击,是导致伊方与机构合作至今无法回归正轨的根本原因。
李松强调,在理事会搞政治对抗解决不了伊核问题,强行通过决议只会激化矛盾,提交安理会没有出路。伊朗核问题的历史沿革充分证明,政治外交解决才是伊朗核问题出路。今年6月,美伊签署阶段性谅解备忘录,是多方斡旋调停的宝贵成果。谈判的大门既然打开就不应关上,和平只要还有希望就不应放弃。当务之急是推动局势降温,回归对话谈判。中方将为推动政治解决伊核问题,促进中东地区和平稳定作出不懈努力。
会议期间,国际原子能机构成员国进行激烈辩论,表决通过美国与英国、法国、德国共同推动的伊朗核问题决议。理事会具有投票权的34个成员国中,中国、俄罗斯、尼日尔对决议投反对票,巴西、南非、印度、埃及、泰国等8个发展中国家投弃权票。(完)
图说:6月10日,在奥地利维也纳,中国常驻国际原子能机构代表李松大使(屏幕上)在国际原子能机构理事会上发言。新华社发(中国常驻维也纳联合国代表团供图)








