အရှေ့အလယ်ပိုင်းပဋိပက္ခများအကြား ဘရန့်ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်ရောက်ရှိ

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဘရန့်ရေနံစိမ်းဈေးနှုန်းများမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ ရောက်ရှိလာခဲ့သည်။

နိုဝင်ဘာလအတွက် ဘရန့်ရေနံ အနာဂတ်ဈေးနှုန်းမှာ တစ်ပွိုင့်၊ တစ်စည်လျှင် ၁၀၀.၉၅ ဒေါ်လာအထိ ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၂၄ ရက်မှစ၍ ပထမဆုံးအကြိမ် စံဈေးနှုန်းအဆင့်ကို ကျော်လွန်သွားခြင်းလည်းဖြစ်သည်။

ယူကရိန်းက ရုရှားနိုင်ငံ Krasnodar ဒေသရှိ ရေတပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ပြော

ယူကရိန်းတပ်ဖွဲ့များက ရုရှားနိုင်ငံတောင်ပိုင်း Krasnodar ဒေသရှိ ရေတပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက စက်တင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။

Novorossiysk မြို့ရှိ အဆိုပါစခန်းတွင် ရေနံတင်ပို့ရန် အသုံးပြုသည့် ဆိပ်ကမ်းတစ်ခု၊ စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းအဆောက်အအုံများနှင့် Kalibr ဒုံးကျည်များ တပ်ဆင်ထားသည့် စစ်သင်္ဘောများ ထိခိုက်ခဲ့ကြောင်း ဇယ်လန်းစကီးက ဆိုရှယ်မီဒီယာ X တွင် ပို့စ်တင်ရေးသားခဲ့သည်။

အာရေဘီယံပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့တွင် ကုန်တင်သင်္ဘောများ တိုက်ခိုက်ခံရဟု UKMTO ပြော

မြောက်ပိုင်း အာရေဘီယံပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ဒေသများ၌ ကုန်တင်သင်္ဘောအများအပြား တိုက်ခိုက်ခံခဲ့ရကြောင်း ဗြိတိန် ပင်လယ်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများအဖွဲ့ (UKMTO) က စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောများသည် ထိုဒေသနှစ်ခုတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားနေချိန်အတွင်း သင်္ဘောမောင်းနှင်နိုင်စွမ်း မရှိအောင် ပစ်ခတ်တိုက်ခိုက်မှုများ ခံခဲ့ရကြောင်း UKMTO က ဆိုသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းငယ်များ၏ ယုံကြည်မှု ဩဂုတ်လတွင် ကျဆင်း

အမေရိကန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းငယ်များ၏ စီးပွားရေးအပေါ် အကောင်းမြင်မှုသည် ဩဂုတ်လတွင် ကျဆင်းခဲ့ကြောင်း National Federation of Independent Business (NFIB) က စက်တင်ဘာ ၈ ရက် ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

စီးပွားရေးလုပ်ငန်းငယ်များ၏ အကောင်းမြင်မှုညွှန်းကိန်း (Small Business Optimism Index) သည် ၁.၁ ပွိုင့်၊  ၉၈.၇ မှတ် ကျဆင်းခဲ့သည်။ ထို့အပြင် မသေချာမရေရာမှုညွှန်းကိန်း (Uncertainty Index) အနေဖြင့် ၂ ပွိုင့်၊  ၈၉ မှတ်အထိ ဖြစ်ခဲ့သော်လည်း သမိုင်းဝင်ပျမ်းမျှ ၆၈ မှတ်ထက်မူ မြင့်မားနေဆဲဖြစ်ကြောင်း NFIB က ပြောကြားခဲ့သည်။ (Xinhua)

......................

(English Version)

Daily World Briefing, Sept. 10

Brent oil price tops 100 USD amid Mideast conflicts

Brent crude prices surpassed 100 U.S. dollars per barrel earlier Wednesday, fueled by conflicts in the Middle East.

Brent crude futures for November delivery reached 100.95 dollars per barrel at one point, breaching the symbolic price level for the first time since July 24.

Ukraine says it struck naval base in Russia's Krasnodar region

Ukrainian forces have struck a naval base in Russia's southern Krasnodar region, Ukrainian President Volodymyr Zelensky said on Wednesday.

A terminal used to load oil, military port facilities, and warships carrying Kalibr missiles were hit at the base in the city of Novorossiysk, Zelensky said in an X post.

Merchant vessels attacked in Arabian Gulf, Gulf of Oman: UKMTO

Several merchant vessels came under attack in the northern Arabian Gulf and the Gulf of Oman, the UK Maritime Trade Operations (UKMTO) agency said Wednesday.

The vessels came under disabling fire amid ongoing military activity in the two areas, the agency said.

U.S. business optimism drops in August

Small business optimism in the United States dropped in August, according to data released Tuesday from the National Federation of Independent Business (NFIB).

The small business optimism index declined by 1.1 points to 98.7 in August. The uncertainty index retreated by 2 points to 89, remaining above the historical average of 68, according to the NFIB.