နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မကြာသေးမီက ဆောင်ရွက်ခဲ့သော သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများသည် ရုရှားနှင့် ယူကရိန်းတို့ ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က မျှော်လင့်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ဂူတာရက်စ်သည် အမေရိကန် အထူးသံတမန်၏ ရုရှားနိုင်ငံ မော်စကိုမြို့နှင့် ယူကရိန်နိုင်ငံ ကိဗ်မြို့ ခရီးစဉ်များ ပါဝင်သည့် သံတမန်ရေးရာ ကြိုးပမ်းမှုများအပေါ် အားရကျေနပ်မှုရှိကြောင်း Dujarric က စက်တင်ဘာ ၈ ရက် ပုံမှန် သတင်းအချက်အလက် ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အဆိုပြုချက်အသစ်များက ယူကရိန်းနှင့် ရုရှားတို့အကြား ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ကာ စစ်ပွဲအား ခြွင်းချက်မရှိ အပြည့်အဝ ချက်ချင်း အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံတကာဥပဒေနှင့်အညီ မျှတ၍ ဘက်စုံလွှမ်းခြုံသော၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိစေရေးအတွက် လမ်းခင်းပေးနိုင်မည်ဟု ဂူတာရက်စ်က မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂဘက်မှလည်း ယင်းအတွက် ကူညီဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံးတွင် အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများ ဆက်တိုက် တိုက်ခိုက်ခံနေရမှုအပေါ် ဂူတာရက်စ် က အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း Dujarric က ပြောကြားခဲ့သည်။ အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် ဂူတာရက်စ်က တောင်းဆိုခဲ့ပြီး စဉ်ဆက်မပြတ်သံတမန်ရေးရာ ကြိုးပမ်းမှုများအတွက် အခြေအနေကောင်းများ ဖန်တီးပေးရန် နှစ်ဖက်စလုံးအား တိုက်တွန်းခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်၏ အထူးသံတမန် Witkoff နှင့် သမက်ဖြစ်သူ Kushner တို့သည် စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် မော်စကိုနှင့် ကိဗ်မြို့များသို့ အသီးသီး သွားရောက်ခဲ့ကြသည်။ ယင်းခရီးစဉ်တွင် "သိသာထင်ရှားသော တိုးတက်မှုများ" ရရှိခဲ့ကြောင်း Witkoff က စက်တင်ဘာ ၇ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ (Xinhua)

-------------------

(Chinese Version)

联合国秘书长敦促恢复俄乌谈判

  新华社联合国9月8日电(记者尚绪谦)联合国秘书长古特雷斯的发言人迪雅里克8日称,古特雷斯希望最近的外交努力能够使俄罗斯和乌克兰恢复谈判。

  迪雅里克在8日的例行记者吹风会上说,古特雷斯对于包括美国特使访问莫斯科和基辅在内的外交努力感到鼓舞。他希望新的倡议能够使得乌克兰和俄罗斯恢复谈判,为立即无条件全面停火以及达成符合国际法的公平、全面、持久和平铺平道路。联合国方面愿意为此提供协助。

  迪雅里克说,与此同时,古特雷斯对于俄乌两国平民和民用设施不断遭到袭击表示严重关切。古特雷斯呼吁立即停止攻击平民和民用设施,敦促双方为持续开展外交努力创造有利条件。

  美国总统特朗普的特使威特科夫和女婿库什纳5日和6日先后访问了莫斯科和基辅。威特科夫7日在社交媒体发文称,访问取得“实质性进展”。

图说 1 : 2025 年4月8日,在位于纽约的联合国总部,联合国秘书长古特雷斯出席记者会。新华社发(联合国供图/埃文·施耐德摄)