ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့တွင် တရုတ်နိုင်ငံ ကူညီပံ့ပိုးသည့် ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့ ၁၀ ကီလိုမီတာ လမ်းမပြုပြင်မွမ်းမံရေးစီမံကိန်း၏ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် လမ်းပိုင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကီဂါလီ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကူညီပံ့ပိုးသည့် ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့ရှိ ၁၀ ကီလိုမီတာ လမ်းမပြုပြင်မွမ်းမံရေးစီမံကိန်း အုတ်မြစ်ချအခမ်းအနားကို စက်တင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ရဝမ်ဒါအခြေခံအဆောက်အအုံဝန်ကြီးဌာန နိုင်ငံတော်ဝန်ကြီး Claudien Bizimungu က အမှာစကားပြောကြားရာတွင် အဆိုပါစီမံကိန်းသည် တရုတ်-ရဝမ်ဒါ နှစ်နိုင်ငံအကြား ခိုင်ခံ့ပြီး တည်မြဲသော ချစ်ကြည်ရင်းနှီးမှုကို အပြည့်အဝဖော်ပြကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ကီဂါလီမြို့သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေပြီး သယ်ယူပို့ဆောင်ရေးဆိုင်ရာ အဆင့်မြှင့်တင်မှုမှာ အရေးတကြီးလိုအပ်နေကာ ဤစီမံကိန်းကို အကောင်အထည်ဖော်ရန် အချိန်အခါပင်ဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးပါက သယ်ယူပို့ဆောင်ရေး ချောမွေ့မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ လမ်းအန္တရာယ်ကင်းရှင်းရေး အခြေအနေကို တိုးတက်ကောင်းမွန်စေပြီး ကီဂါလီမြို့တစ်ခွင် အပြန်အလှန်ချိတ်ဆက်မှုကို အားကောင်းစေကာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုအတွက် ခိုင်မာသော အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရဝမ်ဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကောင်းဝန်ချီက ဤလမ်းပြီးစီးပါက သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို များစွာလျှော့ချပေးနိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ပေးကာ လမ်းတစ်လျှောက် ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်-ရဝမ်ဒါ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၅၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး တရုတ်အနေဖြင့် စစ်မှန်သော၊ ရင်းနှီးသော၊ ရိုးသားသော  သဘောထားကို ဆက်လက်လက်ကိုင်ထားပြီး နှစ်နိုင်ငံအကြား နယ်ပယ်စုံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားကာ နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုမြင့်မားသော အဆင့်သို့ တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရဝမ်ဒါနိုင်ငံ၊ ကီဂါလီမြို့ရှိ ၁၀ ကီလိုမီတာ လမ်းမပြုပြင်မွမ်းမံရေး စီမံကိန်းသည် တရုတ်အစိုးရက ရဝမ်ဒါတွင် အကောင်အထည်ဖော်သည့် နောက်ဆုံးအကူအညီပေးရေး စီမံကိန်းဖြစ်ပြီး Hunan Road and Bridge Construction Group Co., Ltd., မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လမ်းခင်းခြင်း၊ တံတားနှင့် မြေအောက်မြောင်း၊ လမ်းမီး၊ ရေနုတ်မြောင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အဆောက်အအုံများ ပါဝင်ပြီး ရဝမ်ဒါနိုင်ငံ၏ ပထမဆုံးသော မြို့ပြမိုးပျံတံတားကို တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့တွင် ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံ ကူညီပံ့ပိုးသည့် ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့ ၁၀ ကီလိုမီတာ လမ်းမပြုပြင်မွမ်းမံရေးစီမံကိန်း အုတ်မြစ်ချအခမ်းအနားသို့ ရဝမ်ဒါနိုင်ငံ အခြေခံအဆောက်အအုံဝန်ကြီးဌာန နိုင်ငံတော်ဝန်ကြီး Claudien Bizimungu (ဝဲ) နှင့် ရဝမ်ဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကောင်းဝန်ချီတို့ တက်ရောက်ကာ ဆိုင်းဘုတ်ဖွင့်လှစ်ပေးနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..................................

(Chinese Version)

中国援卢旺达基加利市10公里道路改造项目开工

新华社基加利9月9日电(记者刘佑民 鞠银河)中国援卢旺达基加利市10公里道路改造项目8日举行开工仪式。  

卢旺达基础设施部国务部长比齐蒙古在致辞时表示,项目充分彰显卢中两国牢固而持久的友好情谊。他说,当前基加利城市持续发展,对交通升级需求迫切,该项目的实施正当其时。项目建成后将显著提升交通流畅度,改善道路安全状况,并增强基加利全城的互联互通水平,为城市发展和经济增长提供有力支撑。  

中国驻卢旺达大使高文棋表示,这条路建成后将大幅降低交通成本,助推经济发展,改善沿线民生。今年是中卢建交55周年,中方将继续秉持真实亲诚理念,推进双边各领域务实合作,推动两国关系向更高水平发展。  

援卢旺达基加利市10公里道路改造项目是中国政府在卢旺达实施的最新援助项目,由湖南路桥建设集团有限责任公司承建,建设内容涵盖路基路面、桥涵、照明排水及交通安全设施,并将建成卢旺达首座城市立交桥。(完)

图说1:这是9月8日在卢旺达首都基加利拍摄的中国援卢旺达基加利市10公里道路改造项目施工路段。新华社发(西里尔·恩德格亚摄)

图说2:9月8日,在卢旺达首都基加利,卢旺达基础设施部国务部长比齐蒙古(左)与中国驻卢旺达大使高文棋出席中国援卢旺达基加利市10公里道路改造项目开工仪式并为项目揭牌。新华社发(西里尔·恩德格亚摄)