ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း South Kivu ပြည်နယ် Bukavu မြို့တွင် ဒေသခံများက လမ်းမပေါ်၌ အီဘိုလာရောဂါ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု လုပ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း South Kivu ပြည်နယ် Bukavu မြို့တွင် ဒေသခံများက လမ်းမပေါ်၌ အီဘိုလာရောဂါ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု လုပ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ (DRC) က အီဘိုလာရောဂါဖြစ်ပွားမှုကို ကိုင်တွယ်စီမံရာ၌ ဆေးရုံခုတင်အရေအတွက်နှင့် ဝန်ထမ်းအင်အား ဆိုးရွားစွာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ လက်တွေ့လိုအပ်ချက်မှာ လက်ရှိ ရှိရင်းစွဲအခြေအနေ၏ နှစ်ဆကျော်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကျွမ်းကျင်ပညာရှင်များက စက်တင်ဘာ ၈ ရက်တွင် သတိပေး ပြောကြားခဲ့သည်။

WHO ကျွမ်းကျင်ပညာရှင် Luca Fontana က လက်ရှိတွင် ကွန်ဂိုနိုင်ငံ (DRC) ၌ အီဘိုလာရောဂါ ကုသရေးစင်တာ ၅၉ ခု ဖွင့်လှစ်ထားပြီး စုစုပေါင်း ဆေးရုံခုတင်နေရာ ၁,၄၀၀ ခန့်ရှိသော်လည်း ဆေးရုံခုတင် ၁,၆၀၀ ကျော် လိုအပ်မှုရှိနေဆဲဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာရေးဝန်ထမ်း အရေအတွက်ကိုလည်း ပမာဏအများအပြား မြှင့်တင်ရန် လိုအပ်နေပြီး လက်ရှိ လူ ၄,၀၀၀ မှ လူ ၉,၀၀၀ အထိ တိုးသင့်ကြောင်း DPA သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ ကွန်ဂိုနိုင်ငံ (DRC) ၏ ယခုအကြိမ် အီဘိုလာရောဂါ ဖြစ်ပွားမှုတွင် ကူးစက်ခံရသူသည် ၆,၆၈၆ ဦးရှိပြီး ၎င်းအနက် ၃,၂၂၆ ဦီး သေဆုံးခဲ့ကြောင်း သိရသည်။ ကွန်ဂိုနိုင်ငံ (DRC) အမျိုးသားကျန်းမာရေး သုတေသနစင်တာက လက်ရှိတွင် ကူးစက်ခံရသူ ၈၁၉ ဦးသည် ဆေးကုသမှုခံယူနေခြင်း သို့မဟုတ် သီးခြားကွာရန်တင်း လူနာခန်းများတွင် ထားရှိထားကြောင်း ပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံ (DRC) မေ ၁၅ ရက်တွင် အီဘိုလာရောဂါ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ကွန်ဂိုနိုင်ငံ (DRC) ၏ ယခုအကြိမ် အီဘိုလာရောဂါ ဖြစ်ပွားမှုသည် “မှတ်တမ်းရှိပြီးနောက် ဒုတိယအကြီးဆုံး အီဘိုလာရောဂါ ဖြစ်ပွားမှု” ဖြစ်သည်ဟု ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ယခုအကြိမ် ရောဂါဖြစ်ပွားမှုသည် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါဗိုင်းရပ်စ်အတွက် အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် သီးသန့်ကုသနည်း မရှိသေးကြောင်းသိရသည်။ (Xinhua)

---------------------

(Chinese Version)

世卫组织:刚果(金)埃博拉疫情病床和人手严重不足

新华社北京9月9日电 世界卫生组织专家8日警告说,刚果(金)应对埃博拉疫情的病床数量和人手严重不足,实际所需应为现有的两倍多。

据德新社报道,世卫组织专家卢卡·丰塔纳说,目前刚果(金)设有59个埃博拉治疗中心,共有约1400张病床,仍有1600张病床的缺口。此外,医护人员数量也必须大幅增加,从目前的4000人增至9000人。

官方数据显示,在刚果(金)本轮埃博拉疫情中,感染者已达6686人,其中3226人死亡。刚果(金)国家卫生研究所说,目前有819名感染者正在接受治疗或处于隔离病房中。

刚果(金)5月15日宣布暴发埃博拉疫情。世卫组织总干事谭德塞8月12日说,刚果(金)本轮疫情“已是有记录以来第二大埃博拉疫情”。本轮疫情由本迪布焦型埃博拉病毒引发,目前尚无针对该型病毒的获批疫苗或特异性疗法。(荆晶)

图说:9月3日,在刚果(金)东部南基伍省布卡武,当地居民在街头开展埃博拉防疫宣传。新华社发