အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် တောင်အာဖရိကအသင်းနှင့် နမီးဘီးယားအသင်းတို့ကစားခဲ့သည့် ၂၀၁၉ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ၏ အုပ်စု D ပွဲစဉ်အတွင်း တောင်အာဖရိကအသင်းမှ Thulani Hlatshwayo (ဝဲ)နှင့် နမီးဘီးယားအသင်းမှ Peter Shalulile တို့၏ ယှဉ်ပြိုင်ကစားမှုကို ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် တောင်အာဖရိကအသင်းနှင့် နမီးဘီးယားအသင်းတို့ကစားခဲ့သည့် ၂၀၁၉ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ၏ အုပ်စု D ပွဲစဉ်အတွင်း တောင်အာဖရိကအသင်းမှ Thulani Hlatshwayo (ဝဲ)နှင့် နမီးဘီးယားအသင်းမှ Peter Shalulile တို့၏ ယှဉ်ပြိုင်ကစားမှုကို ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝင်းဒ်ဟော့ခ်၊ စက်တင်ဘာ ၁၀ ရက်  (ဆင်ဟွာ)

နမီးဘီးယားအသင်းအနေဖြင့် ရုရှားအသင်းနှင့် ရုရှားနိုင်ငံ၊ ရီကာတာရင်ဘတ်မြို့၌ အောက်တိုဘာလ ၃ ရက်တွင် နိုင်ငံတကာ ခြေစမ်းပွဲတစ်ပွဲကစားမည်ဖြစ်ကြောင်း နမီးဘီးယားဘောလုံးအဖွဲ့ချုပ် (NFA) က စက်တင်ဘာ ၈ ရက်၌ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါခြေစမ်းပွဲမှာ NFA နှင့် ရုရှားဘောလုံးအဖွဲ့ချုပ်တို့အကြား သဘောတူညီချက်အရကစားမည့်ပွဲဖြစ်ပြီး ရုရှားဘောလုံးအဖွဲ့ချုပ်ကလည်း အဆိုပါခြေစမ်းပွဲနှင့်ပတ်သက်၍ စက်တင်ဘာ ၈ ရက်က အတည်ပြုကြေညာခဲ့သည်။

နမီးဘီးယားအသင်း နည်းပြချုပ် ကောလင်းဘင်ဂျမင်က နမီးဘီးယားအသင်းအနေဖြင့် ကမ္ဘာ့အဆင့်ရပ်တည်မှုပိုမိုမြင့်မားသော ပြိုင်ဘက်အသင်း တစ်သင်းနှင့် ယှဉ်ပြိုင်ကစားခွင့်ရခြင်းကို ကြိုဆိုခဲ့သလို ကွဲပြားခြားနားသည့် ဘောလုံးပတ်ဝန်းကျင်အခြေအနေများနှင့် ရင်ဆိုင်ကစားရခြင်းက နမီးဘီးယားကစားသမားများ၏ တိုးတက်မှုကို အထောက်အကူဖြစ်စေလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

နမီးဘီးယားကစားသမားများ၏ အတွေ့အကြုံနှင့် ယှဉ်ပြိုင်နိုင်စွမ်းတည်ဆောက်ရေးအတွက် ယင်းကဲ့သို့သော ပွဲစဉ်များကို ပုံမှန်ကစားရန် လိုအပ်ကြောင်း ဘင်ဂျမင်က ပြောကြားခဲ့သလို ထိုကဲ့သို့ကစားခြင်းဖြင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အာဖရိကတိုက်ကြီးများအဆင့်ရှိသည့် အခြားသောပြိုင်ဘက်အသင်းများနှင့်ယှဉ်ပြိုင်ရန် နမီးဘီးယားအသင်းကို အဆင်သင့်ဖြစ်စေမည်ဟုလည်း ဘင်ဂျမင်က ပြောကြားခဲ့သည်။

နောက်ဆုံးထုတ်ပြန်ထားသည့် ဖီဖာ၏အမျိုးသားအသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရုရှားအသင်းက အဆင့် ၃၅ နေရာ၊ နမီးဘီးယားအသင်းက အဆင့် ၁၂၁ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

ရုရှားအသင်းနှင့်ခြေစမ်းပွဲမှာ နမီးဘီးယားအသင်း၏ ၂၀၂၇ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ပထမဆုံးခြေစစ်ပွဲ နှစ်ပွဲ ကစားပြီးနောက် ကစားမည့် ခြေစမ်းပွဲလည်း ဖြစ်သည်။

အာဖရိကဘောလုံးအဖွဲ့ချုပ်၏ပွဲစဥ်ရေးဆွဲထားမှုအရ နမီးဘီးယားအသင်းမှာ ကင်မရွန်းအသင်း ပါဝင်နေသည့် အုပ်စု G တွင် တစ်အုပ်စုတည်းကျရောက်နေပြီး စက်တင်ဘာ ၂၄ ရက်၌ ကွန်ဂိုအသင်း၊ စက်တင်ဘာ ၂၉ ရက်တွင် ကိုမိုရော့စ်အသင်းနှင့်ကစားရမည် ဖြစ်သည်။ (Xinhua)

.......................

(English version)

Namibia to face Russia in soccer friendly in October

WINDHOEK, Sept. 8 (Xinhua) Namibia will face Russia in an international football friendly in Yekaterinburg on October 3, the Namibia Football Association (NFA) announced Tuesday.

The fixture follows an agreement between the NFA and the Russian Football Union, which also confirmed the match on Tuesday.

Namibia head coach Collin Benjamin welcomed the opportunity for the Brave Warriors to test themselves against a higher-ranked opponent, saying exposure to different footballing environments would help his players develop.

Benjamin said his players needed such matches regularly to build experience and competitiveness, "making them ready to face their peers at continental level in the CAF/Africa Cup of Nations."

Russia is ranked 35th in the latest FIFA men's world rankings, while Namibia sits 121st.

The friendly will follow Namibia's opening two matches in the 2027 Africa Cup of Nations qualifiers.

According to the Confederation of African Football's schedule, Namibia will face the Republic of the Congo on September 24 and Comoros on September 29 in Group G, which also includes Cameroon. ■

Photo caption: Thulani Hlatshwayo (L) of South Africa vies with Peter Shalulile of Namibia during the 2019 Africa Cup of Nations group D match between South Africa and Namibia in Cairo, Egypt, on June 28, 2019. (Xinhua/Ahmed Gomaa)