
နယူးယောက်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသ နောက်ဆုံးဖြစ်ပွားနေသော ပဋိပက္ခများ၏သက်ရောက်မှုကြောင့် နိုင်ငံတကာ ရေနံစိမ်းဈေးနှုန်းသည် စက်တင်ဘာ ၉ ရက်တွင် မြင့်တက်လာခဲ့ရာ နိုဝင်ဘာလတွင် ပို့ဆောင်မည့် ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အရောင်းအဝယ်ဈေးကွက်၌ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်ဖြစ်ခဲ့သည်။
အမေရိကန်အရှေ့ပိုင်း စံတော်ချိန် စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အထိ နိုဝင်ဘာလတွင် ပို့ဆောင်မည့် ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် အမြင့်ဆုံး ကန်ဒေါ်လာ ၁၀၀.၉၅ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ယခင်နေ့အပိတ်ဈေးထက် ကန်ဒေါ်လာ ၄.၆၇ ဒေါ်လာ မြင့်မားကာ ၄.၈၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အောက်တိုဘာလတွင် ပို့ဆောင်မည့် နယူးယောက်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် အမြင့်ဆုံး ကန်ဒေါ်လာ ၉၅.၉၆ ဒေါ်လာ အထိ မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၄.၄၈ ဒေါ်လာ ဈေးတက်ကာ ၄.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန်ရေတပ်၏ DDG-119 နှင့် DDG-53 ဖျက်သင်္ဘောများကို တိုက်ခိုက်ပြီး ၎င်းတို့အား "ဆိုးရွားစွာ"ဖျက်ဆီးခဲ့ကြောင်း IRGC က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ သိရသည်။ ယင်းမတိုင်မီက အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) သည် လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တင်ကာ အမေရိကန်စစ်တပ်က အီရန်ရေနံတင်သင်္ဘော ၅ စင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စွန့်စားရမှု စီမံခန့်ခွဲမှုကုမ္ပဏီ၏ ထိပ်တန်းသုံးသပ်သူပညာရှင် Arne Lohmann Rasmussen က အဓိက အာရုံစိုက်ရမည့် ညွှန်းကိန်းမှာ မကြာသေးမီက ဖြစ်ပွားနေသော ပဋိပက္ခများသည် ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရပ်တန့်သွားစေရန် ဖြစ်လာနိုင်ခြေ ရှိ၊ မရှိ ဆိုသည့်အချက်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Goldman Sachs ၏ ကမ္ဘာလုံးဆိုင်ရာ ကုန်စည် သုတေသန ပူးတွဲတာဝန်ခံ Daan Struyven က အမေရိကန်နှင့် အီရန်တို့၏ ပဋိပက္ခအရှိန် မြင့်တက်လာမှုသည် ရေနံဈေးနှုန်းကို တစ်စည်လျှင် ကန်ဒေါ်လာ ၁၂၀ အထိ မြင့်တက်သွားစေနိုင်သည့် အန္တရာယ်ကို တွန်းပို့နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

-----------------------------
(Chinese Version)
布伦特原油期货价格突破100美元
新华社纽约9月9日电(记者刘亚南)受中东地区最新冲突影响,国际原油期货价格9日走高,11月份交货的布伦特原油期货价格盘中突破每桶100美元。
截至美东时间9日上午8时45分,11月份交货的布伦特原油期货价格最高升至每桶100.95美元,比前一日收盘价高4.67美元,涨幅为4.85%。同时,10月份交货的纽约原油期货价格最高升至每桶95.96美元,上涨4.48美元,涨幅为4.9%。
据伊朗伊斯兰革命卫队9日发表的声明,革命卫队对美国海军DDG-119和DDG-53驱逐舰实施打击,并对其造成“严重破坏”。稍早前,美军中央司令部在社交媒体发布消息说,美军摧毁了5艘伊朗油轮。
全球风险管理公司首席分析师阿尔内·洛曼·拉斯穆森说,关键的关注指标是最新冲突会否导致霍尔木兹海峡的石油运输停滞。
高盛集团全球大宗商品研究共同负责人达安·斯特鲁伊文表示,美国与伊朗冲突升级,正在推高油价升至每桶120美元的风险。(完)
图说1:这是8月24日在美国纽约拍摄的储油设施。 新华社记者 张凤国 摄
图说2:这是8月24日在美国纽约拍摄的油品转运站。 新华社记者 张凤国 摄








