အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က ချက်တင်းနစ်မယ် လင်ဒါ နော့စကိုဗာနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်၌ အရီနာ ဆာဘလန်ကာ စပေးဘောကို ပြန်ဆယ်နေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က ချက်တင်းနစ်မယ် လင်ဒါ နော့စကိုဗာနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်၌ အရီနာ ဆာဘလန်ကာ စပေးဘောကို ပြန်ဆယ်နေစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်၌ လက်ရှိချန်ပီယံ အရီနာ ဆာဘလန်ကာ အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်သို့ ခြောက်နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီး အမျိုးသားတစ်ဦးချင်း ပွဲစဉ်၌ အမေရိကန်နိုင်ငံမှ ဘန် ရှယ်လ်တန်က ကားလို့စ် အယ်လ်ကာရက်ဇ် (ဆီဒင်-၂) ကို ငါးပွဲအထိ အကြိတ်အနယ်ကစားကာ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့သည်။

ဆာဘလန်ကာက ဝင်ဘယ်လ်ဒန်ချန်ပီယံ လင်ဒါ နော့စကိုဗာကို ၇-၆ (၁)၊ ၃-၆၊ ၇-၆ (၁၀-၇) ဖြင့် ခက်ခက်ခဲခဲ ကစားကာ အနိုင်ရရှိခဲ့ပြီး အဆုံးအဖြတ်ပွဲတွင် ပွဲပိုယှဉ်ပြိုင်ကစားရာ၌ ၁၀ မှတ်အထိ ကစားခဲ့ရသည်။ ဘီလာရုစ်တင်းနစ်မယ် ဆာဘလန်ကာက ပထမပွဲလတ်တွင် ၃-၀ ဖြင့် စောစောစီးစီး ဦးဆောင်နိုင်ခဲ့သော်လည်း နော့စကိုဗာက ဆာဘလန်ကာ၏ အရေးပါသော စပေးဘောအလှည့်တွင် အမှတ်ယူနိုင်ခဲ့သည်။ သို့သော် ပွဲပိုဆက်လက်ကစားရာတွင် ဆာဘလန်ကာက ရမှတ်တစ်မှတ်သာ ဆုံးရှုံးခဲ့ပြီး ပြတ်ပြတ်သားသား အသာစီးယူနိုင်ခဲ့သည်။

သို့သော် နော့စကိုဗာက ဒုတိယပွဲလတ်တွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ပွဲတစ်ပွဲစီ တူညီသွားခဲ့သည်။ ၎င်းအနေဖြင့် တတိယပွဲလတ်တွင် စောစောစီးစီး break point ရခဲ့ပြီး ၄-၂ ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဆာဘလန်ကာက ၄-၄ အထိ အမီလိုက်နိုင်ခဲ့သည်။ အဆုံးအဖြတ်အနေဖြင့် ၁၀ မှတ် ပွဲပိုကစားရာတွင် ဆာဘလန်ကာက ၁၀-၇ ဖြင့် အနိုင်ရရှိကာ ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ၁၈ ပွဲဆက်တိုက် နိုင်ပွဲဆက်ခဲ့သည်။

"အထူးသဖြင့် တတိယပွဲလတ်မှာ ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် တွန်းအားပေးပြီး ယှဉ်ပြိုင်ခဲ့ရလို့ အခုချိန်မှာ ကျွန်မ ဘာပြောရမှန်းတောင် မသိတော့ပါဘူး" ဟု ဆာဘလန်ကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ "ဒီလိုမျိုး အကြိတ်အနယ်ကစားရတဲ့ ပွဲစဉ်တွေက ကျွန်မရဲ့ ယုံကြည်မှု၊ စွမ်းအားနဲ့ စိတ်ခွန်အားတွေကို ကျိန်းသေပေါက် မြှင့်တင်ပေးပါတယ်" ဟုလည်း ၎င်းက ပြောသည်။

ဆာဘလန်ကာအနေဖြင့် ဆီမီးဖိုင်နယ်တွင် ဂျက်ဆီကာ ပက်ဂူလာ (ဆီဒင်-၃) နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပက်ဂူလာက အမ်မာ နာဗာရိုကို တစ်ပွဲရှုံးနိမ့်နေရာမှ နောက်မှလိုက်ကစားကာ ၃-၆၊ ၆-၄၊ ၆-၃ ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

အမျိုးသားတစ်ဦးချင်း ပွဲစဉ်တွင် ရှယ်လ်တန် (ဆီဒင်-၈) က အယ်လ်ကာရက်ဇ်ကို ပွဲကစားချိန် ၄ နာရီကျော်ကြာ အကြိတ်အနယ် ကစားပြီးနောက် ၆-၇ (၅)၊ ၆-၁၊ ၆-၃၊ ၁-၆၊ ၇-၆ (၇) ဖြင့် အနိုင်ရရှိခဲ့သည်။ ရှယ်လ်တန်အနေဖြင့် အဆုံးအဖြတ်ပွဲတွင် ပွဲပိုကစားရာ၌ ပြိုင်ဘက်မတုံ့ပြန်နိုင်သော စပေးဘောရိုက်ချက်ဖြင့် ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ရှယ်လ်တန်မှာ အမေရိကန်ကစားသမား အဲလက်စ် မစ်ကယ်ဆင်ကို ငါးပွဲအထိ အကြိတ်အနယ်ကစားကာ ၅-၇၊ ၃-၆၊ ၇-၅၊ ၆-၃၊ ၇-၆ (၆) ဖြင့် အနိုင်ရရှိခဲ့သည့် ဖရန်ဆစ် တီယာဖိုး (ဆီဒင်-၁၁) နှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။

အမျိုးသမီးနှစ်ယောက်တွဲ ပွဲစဉ်တွင် တရုတ်နိုင်ငံမှ ကျန်ရှင်းယွီ နှင့် ကျန်းစွိုက်တို့အတွဲက (ဆီဒင်-၂) သတ်မှတ်ခံထားရသည့် ဂါဘရီရယ်လာ ဒါဘရောစကီးနှင့် လူဝီဆာ စတက်ဖနီတို့အတွဲကို ၆-၃၊ ၆-၄ ဖြင့် ရှုံးနိမ့်ခဲ့သည်။ (Xinhua)

…………………………

(English Version)

US Open roundup: Sabalenka reaches 6th straight US Open semis; Shelton upsets Alcaraz

NEW YORK, Sept. 9 (Xinhua) -- Defending champion Aryna Sabalenka advanced to the US Open semifinals for the sixth straight year, while American Ben Shelton stunned second seed Carlos Alcaraz in a five-set quarterfinal thriller on Tuesday.

Sabalenka defeated Wimbledon champion Linda Noskova 7-6 (1), 3-6, 7-6 (10-7) in a hard-fought match that featured a 10-point tiebreaker in the deciding set. The Belarusian took an early 3-0 lead in the first set before Noskova broke back as Sabalenka served for the set. Sabalenka then dominated the tiebreaker, dropping just one point.

Noskova evened the match by claiming the second set. She broke early in the third to lead 4-2, but Sabalenka responded to force a 4-4 deadlock. In the decisive 10-point tiebreaker, Sabalenka prevailed 10-7, extending her US Open winning streak to 18 matches.

"I'm speechless right now because I was pushing myself to the limit, especially in the third set," Sabalenka said. "These kind of matches definitely boost my confidence, my energy and my motivation."

Sabalenka will face third-seeded Jessica Pegula in the semifinals. Pegula rallied from a set down to defeat Emma Navarro 3-6, 6-4, 6-3.

On the men's side, eighth-seeded Shelton outlasted Alcaraz 6-7 (5), 6-1, 6-3, 1-6, 7-6 (7) in a match lasting more than four hours. Shelton sealed the victory with an ace in the deciding-set tiebreaker.

Shelton will meet 11th seed Frances Tiafoe, who survived a five-set battle against fellow American Alex Michelsen 5-7, 3-6, 7-5, 6-3, 7-6 (6).

In women's doubles, Jiang Xinyu and Zhang Shuai of China fell to the second-seeded team of Gabriela Dabrowski and Luisa Stefani 6-3, 6-4.

Photo caption 1: Aryna Sabalenka of Belarus hits a return during the women's quarterfinal match against Linda Noskova of Czech Republic at the 2026 US Open tennis championships in New York, the United States, Sept. 8, 2026. (Xinhua/Li Rui)

Photo caption 2: Zhang Shuai (R)/Jiang Xinyu compete during the women's doubles quarterfinal between China's Zhang Shuai/Jiang Xinyu and Luisa Stefani (Brazil)/Gabriela Dabrowski (Canada) at the 2026 US Open tennis championships in New York, the United States, Sept. 8, 2026. (Xinhua/Li Rui)