
နယူးဒေလီ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒယာပရာဒက်ရှ်ပြည်နယ်တွင် သံသယဖြစ်ဖွယ် အရက်အတုများ သောက်သုံးမိပြီးနောက် လွန်ခဲ့သောရက် အနည်းငယ်အတွင်း လူ ၁၅ ဦးခန့် သေဆုံးခဲ့ပြီး အခြားသူ ၁၀၀ ကျော်လည်း အစိုးရဆေးရုံများတွင် ဆေးကုသမှုခံယူနေရကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၈ ရက်၌ ဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် မတ်ဒယာပရာဒက်ရှ်ပြည်နယ် ဆာဂါခရိုင်ရှိ ဘန်ဒါဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆေးရုံတက်ရသူများအနက် အချို့မှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်ဟု အဆိုပါတာဝန်ရှိသူ၏အဆိုအရ သိရသည်။ သေဆုံးခဲ့သူအားလုံးသည် မတူညီသောကျေးရွာများမှဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး နီးကပ်သော အနီးအနားဝန်းကျင်တွင် နေထိုင်ခဲ့သူများဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၎င်းတို့တွင် အန်ခြင်း၊ မူးဝေခြင်း၊ မျက်စိမှုန်ဝါးခြင်းကဲ့သို့သော ရောဂါလက္ခဏာများအပြင် ကျောက်ကပ်ထိခိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု သိရသဖြင့် ယင်းမှာ မီသိုင်းအယ်လ်ကိုဟောအဆိပ်သင့်မှုဟု သံသယဖြစ်ဖွယ်ရှိသည်ဟု ညွှန်ပြနေကြောင်း သိရသည်။
လူ ၂၀ ဦး ထက်မနည်းကို တရားဝင်တိုင်ကြားမှုများ ပြုလုပ်ထားကာ ၎င်းတို့အနက် ၁၀ ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်ဟု ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အပြစ်ရှိကြောင်း တွေ့ရှိသူများကို ပြင်းထန်စွာအရေးယူသွားမည်ဟုလည်း ရဲတပ်ဖွဲ့က ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
............................
(English Version)
15 killed after consuming spurious liquor in central India
NEW DELHI, Sept. 8 (Xinhua) -- Around 15 people died over the past few days and more than 100 were undergoing medical treatment at government hospitals after consuming suspected spurious liquor in India's central state of Madhya Pradesh, confirmed a government official by phone on Tuesday.
The incident was reported from the Banda area in the state's Sagar district.
According to the official, several among those admitted to hospitals were in a critical condition. All the victims hailed from different villages and lived in close vicinity, he added.
They reportedly showed symptoms like vomiting, dizziness, blurred vision, besides impact on the kidneys, indicating suspected poisoning by methyl alcohol.
Local police said that formal complaints had been lodged against at least 20 people, out of whom 10 had already been arrested. Stern action would be taken against those found guilty, added the police. ■
Photo caption: An injured person is being treated in hospital after a bus collided with a vehicle in Markapuram district of Andhra Pradesh state, India, March 26, 2026. (IANS via Xinhua)








