ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က ဒေ့ါမွန်အသင်းနှင့် ‌ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းမှ ဆာဟူ ဂူရတ်ဆီ (ဝဲ-တတိယ၊ ရှေ့) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က ဒေ့ါမွန်အသင်းနှင့် ‌ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းမှ ဆာဟူ ဂူရတ်ဆီ (ဝဲ-တတိယ၊ ရှေ့) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တွင် ဒေ့ါမွန်က ဗီလာရီးရဲလ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆာဟူ ဂီရတ်ဆီက ပွဲချိန်နှောင်းပိုင်းတွင် နှစ်ဂိုးသွင်းယူခဲ့သလို ရီးရဲလ်မက်ဒရစ်နှင့် မန်ချက်စတာစီးတီးတို့လည်း နိုင်ပွဲကိုယ်စီ ရရှိခဲ့သည်။

ပထမပိုင်းတွင် တစ်စုံတစ်ရာ ထိခိုက်မိခြင်းမရှိဘဲ ကွင်းထဲတွင်လဲကျသွားခဲ့ပြီး အချိန်ကြာမြင့်စွာ  ဆေးကုသမှုခံယူခဲ့ရသည့် ကွန်စတန်တီနော့စ် ကရက်ဆက်စ်၏ အခြေအနေကြောင့် ဒေ့ါမွန်အသင်း၏ အနိုင်ရလဒ်အပေါ် လွှမ်းမိုးမှုရှိခဲ့သည်။

ကရက်ဆက်စ်၏နေရာတွင် အီသန် နွမ်နရီ ဝင်ရောက်လာပြီးနောက် ဒေါ့မွန်အသင်း၏ တိုက်စစ်ကစားပုံမှာ တဖြည်းဖြည်း အချိတ်အဆက်မိလာခဲ့သော်လည်း ပထမပိုင်းမပြီးဆုံးမီ ဂီရတ်ဆီ၏ ကန်ချက်ကို ဗီလာရီးရဲလ် ဂိုးသမား ပီတာ ဂူလက်စီ ကာကွယ်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်စချိန်တွင် အိမ်ရှင်အသင်းက ပိုမိုဖိအားပေးကစားလာခဲ့ပြီး ပွဲချိန် ၅၂ မိနစ်တွင် ပါပေ ဂူယီ ဘောလုံးဖျက်ထုတ်ရန် ကြိုးပမ်းရာတွင် ကိုယ့်ဂိုးကိုယ်သွင်းမိလုနီးနီး ဖြစ်ခဲ့ပြီး အိမ်ရှင်အသင်း ဂိုးရရှိရန် နီးစပ်ခဲ့သည်။

တစ်မိနစ်အကြာတွင် အန္တရာယ်ရှိသည့် အနိမ့်ဘောပေးပို့မှုကို ရီနာတို ဗီဂါ ဖျက်ထုတ်ရင်း  ကိုယ့်ဂိုးကိုယ်သွင်းမိသည့်အတွက် ဒေ့ါမွန်အသင်း ဦးဆောင်ဂိုးရရှိသွားသည်။

ထို့နောက် ဗီလာရီးရဲလ်အသင်းက ထိထိရောက်ရောက် ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ပွဲချိန် ၆၆ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ဆန်တီယာဂို မိုရီနိုက အနီးကပ်ခေါင်းတိုက်ချက်ဖြင့် ချေပဂိုးသွင်းယူနိုင်ခဲ့သည်။

ဧည့်သည် ဗီလာရီးရဲလ်အသင်းက ဆက်လက် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ဒေါ့မွန်အသင်း၏ လူစားလဲမှုများက ပွဲကိုပြန်လည်ဦးဆောင်နိုင်မည့် အလှည့်အပြောင်း အခြေအနေကို ဖန်တီးပေးခဲ့သည်။ ပွဲချိန် ၈၀ မိနစ်တွင် ဂျော့ဘ် ဘယ်လင်ဟမ်က ညာခြမ်းမှ ဖေဘီယို ဆေးလ်ဗားထံ ဘောလုံးပေးပို့ခဲ့ရာ အဆိုပါ ပေါ်တူဂီတိုက်စစ်မှူးက ဂီရတ်ဆီ အနီးကပ်အဆုံးသတ်နိုင်ရန် ဖန်တီးပေးခဲ့သည်။

ထို့နောက် ပင်နယ်တီဧရိယာထဲတွင် ဂီရတ်ဆီ ပြစ်ဒဏ်ကျူးလွန်ခံရပြီးနောက် ပွဲချိန် ၈၅ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီကို ၎င်းကိုယ်တိုင် အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သဖြင့် ဒေါ့မွန်အသင်းက ၃-၁ ဂိုးဖြင့် ဦးဆောင်ထားခဲ့သည်။

ထပ်ဆောင်းအချိန်ပို သုံးမိနစ်တွင် နစ်ကိုလပ်စ် ပေပေ၏ ဖရီးကစ်ကန်ချက်မှာ ဂီရတ်ဆီနှင့်ထိကာ မထင်မှတ်ဘဲ ဂိုးဝင်သွားသည့်အတွက် ဗီလာရီးရဲလ်အသင်း ချေပဂိုးတစ်ဂိုး ရရှိခဲ့သော်လည်း ဒေါ့မွန်က ပွဲချိန်နှောင်းပိုင်းတွင် ဗီလာရီးရဲလ်၏ ဖိအားပေးမှုကို ရင်ဆိုင်ကျော်လွှားကာ အိမ်ကွင်းတွင် အနိုင်သုံးမှတ် ရယူနိုင်ခဲ့သည်။

အခြားပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က အင်တာမီလန်၏ ပေးဆပ်မှုကြီးသော အမှားနှစ်ကြိမ် ကျူးလွန်မှုကို အမိအရအသုံးချကာ အိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ကီလီယန် အမ်ဘာပေက အဖွင့်ဂိုး သွင်းယူခဲ့သလို ဖက်ဒရီကို ဗယ်လ်ဗာဒီက အင်တာဂိုးသမား ယိုဆက် မာတီနက်ဇ်၏ အမှားကို အခွင့်ကောင်းယူကာ အိမ်ရှင်အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ပွဲချိန် ၇၆ မိနစ်တွင် ကားလို့စ် အော်ဂတ်စတိုက အင်တာအတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း ဂိုးသမား သီဘော့ ကော်တိုအာ အကောင်းဆုံး လက်စွမ်းပြကာကွယ်နိုင်ခဲ့သဖြင့် ရီးရဲလ်အသင်းက အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့သည်။

မန်ချက်စတာစီးတီးက ပေါ်တိုကို အာလင် ဟာလန်း၏ ဒုတိယပိုင်း သွင်းဂိုးနှစ်ဂိုးနှင့်အတူ အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယပိုင်းပွဲပြန်စပြီး နှစ်မိနစ်အကြာတွင် အဆိုပါ နော်ဝေတိုက်စစ်မှူးက အန်ဇို ဖာနန်ဒက်ဇ်၏ ဖြတ်တင်ဘောပေးပို့မှုကို ခေါင်းတိုက်သွင်းယူခဲ့သလို ထပ်ဆောင်းအချိန်ပိုတွင်လည်း ရာယန် အေ့နူရီ၏ ပေးပို့မှုမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့သည်။

အက်စတွန်ဗီလာက ဘယ်လ်ဂျီယမ်တွင် ကလပ်ဘရုဂေးကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပိုင်းတွင် အိမ်ရှင်အသင်း၏ ဖိအားပေးမှုကို အကြိတ်အနယ် ထိန်းချုပ်ခဲ့ရသည်။ (Xinhua)

..................................

(English Version)

Guirassy double lifts Dortmund as Real, City win openers

BERLIN, Sept. 8 (Xinhua) -- Serhou Guirassy struck twice late on as Borussia Dortmund opened its UEFA Champions League campaign with a 3-2 victory over Villarreal on Tuesday, while Real Madrid and Manchester City also made winning starts.

Dortmund's victory was overshadowed by a health scare involving Konstantinos Karetsas, who went down without contact during the first half and required lengthy treatment.

Ethan Nwaneri replaced Karetsas, and Dortmund gradually regained their attacking rhythm, although Guirassy was denied by Villarreal goalkeeper Peter Gulacsi shortly before halftime.

The hosts increased the pressure after the restart and went close in the 52nd minute when Pape Gueye's attempted intervention sent the ball against his own post.

Dortmund broke the deadlock a minute later when Renato Veiga diverted a dangerous low delivery into his own net.

Villarreal responded strongly and equalized in the 66th minute, with Santiago Mourino powering a close-range header inside the near post following a corner.

The visitors continued to threaten, but Dortmund's substitutes helped turn the contest back in the hosts' favor. Jobe Bellingham released Fabio Silva down the right in the 80th minute and the Portuguese squared for Guirassy to finish from close range.

Guirassy was then fouled inside the penalty area and converted the resulting spot kick in the 85th minute to give Dortmund a 3-1 advantage.

Villarreal pulled another goal back in the third minute of stoppage time when Guirassy inadvertently turned Nicolas Pepe's free kick into his own net, but Dortmund survived the late pressure to secure all three points.

Elsewhere, Real Madrid punished two costly Inter Milan errors to claim a 2-1 home victory. Kylian Mbappe opened the scoring before Federico Valverde capitalized on a mistake by Inter goalkeeper Josep Martinez to double the hosts' advantage. Carlos Augusto replied for Inter in the 76th minute, but Thibaut Courtois made a series of saves to preserve Real's lead.

Erling Haaland scored twice after halftime as Manchester City won 2-0 away to Porto. The Norwegian headed home Enzo Fernandez's cross two minutes after the restart before adding his second from Rayan Ait-Nouri's pass in stoppage time.

Aston Villa held off a second-half fightback to defeat Club Brugge 3-2 in Belgium.

Photo caption 1: Serhou Guirassy (3rd L, front) of Borussia Dortmund celebrates scoring during the UEFA Champions League football match between Borussia Dortmund and Villarreal in Dortmund, Germany, Sept. 8, 2026. (Photo by Joachim Bywaletz/Xinhua)

Photo caption 2: Daniel Svensson (R, front) of Borussia Dortmund vies with Santiago Mourino (L, front) of Villarreal during the UEFA Champions League football match between Borussia Dortmund and Villarreal in Dortmund, Germany, Sept. 8, 2026. (Photo by Joachim Bywaletz/Xinhua)