အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် အဆောက်အအုံများမှ မီးခိုးများထွက်ပေါ်နေသည်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် အဆောက်အအုံများမှ မီးခိုးများထွက်ပေါ်နေသည်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

အီရန်ရေနံတင်သင်္ဘောများကို အမေရိကန်၏ "ရန်လိုသော" တိုက်ခိုက်မှုများအတွက် လက်စားချေသည့် အနေဖြင့် ဂျော်ဒန်ရှိ အမေရိကန်လေတပ်စခန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က စက်တင်ဘာ ၉ ရက် အစောပိုင်းတွင် ကြေညာခဲ့သည်။

အမေရိကန်စစ်တပ်၏ F-35၊ F-16 နှင့် F-15 တိုက်လေယာဉ်များကို ပြုပြင်ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြန့်ကြက်ခြင်းပြုလုပ်သည့် Al-Azraq လေတပ်စခန်းရှိ လေယာဥ်ထားသိုရာနေရာနှင့် ဂို‌ဒေါင်တစ်လုံးကို တိုက်ခိုက်ခဲ့ပြီး "ရန်သူအပေါ် ပြင်းထန်သောပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်" ဟု IRGC က ကြေညာချက် ထုတ်ပြန်ခဲ့သည်။  

ဂျော်ဒန်စစ်တပ်က ၎င်း၏လေကြောင်းကာကွယ်ရေးစနစ်များသည် အီရန်၏ ပဲ့ထိန်းဒုံးကျည် ၂၀ စင်းအနက် ၁၈ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ကျန် ဒုံးကျည်နှစ်စင်းမှာ လူသူကင်းမဲ့သောနေရာများတွင် ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဂျော်ဒန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

……………………………………

(English version)

Iran strikes U.S. base in Jordan in retaliation for attacks on tankers

TEHRAN, Sept. 9 (Xinhua) -- Iran's Islamic Revolution Guard Corps (IRGC) announced early Wednesday that its aerospace forces have attacked a U.S. air base in Jordan in retaliation for U.S. "aggressive" attacks against Iranian oil tankers.

The IRGC said in a statement that it struck a hangar for the maintenance, repair, preparation and deployment of the U.S. Army's F-35, F-16 and F-15 fighter jets and a shelter for the U.S. fighter aircraft at the Al-Azraq Air Base, "inflicting heavy damage on the enemy."

Jordan's military said on Wednesday that its air defence systems have destroyed 18 of 20 Iranian ballistic missiles.

Two missiles fell in unpopulated areas, causing no casualties, it said.

Photo caption - Smoke rises from buildings in Tehran, Iran on March 29, 2026. (Xinhua/Shadati)