
အော့တဝါ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
အမေရိကန်၏ စည်းကြပ်ခွန် တိုးမြှင့်မှုများအပေါ် ကနေဒါအစိုးရ၏ တန်ပြန်အရေးယူဆောင်ရွက်ချက်များသည် စက်တင်ဘာ ၈ ရက် နံနက်အစောပိုင်းတွင် တရားဝင် စတင်အသက်ဝင်လာခဲ့သည်။ ကနေဒါဘက်သည် အမေရိကန်မှ တင်သွင်းသည့် သံမဏိ၊ နို့ထွက်ပစ္စည်း၊ စိုက်ပျိုးရေးစက်ပစ္စည်း၊ စက္ကူပျော့ဖတ်နှင့် အီလက်ထရောနစ်ပစ္စည်း စသည့် ကုန်ပစ္စည်းများအပေါ် အလားတူပမာဏ တန်ပြန်စည်းကြပ်ခွန် စတင်ကောက်ခံခဲ့သည်။
ကနေဒါအစိုးရသည် စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ အယ်လ်ဘာတာပြည်နယ် ဗန်းဖ်မြို့၌ အစိုးရအဖွဲ့ အစီအစဉ်ရေးဆွဲရေး အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း စက်တင်ဘာ ၇ ရက် ညပိုင်းတွင် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက ကြေညာခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် လက်ရှိ အုပ်ချုပ်ရေးအစီအစဉ်များ၏ တိုးတက်မှုနှင့် ထိရောက်မှုကို ဆန်းစစ်သုံးသပ်မည်ဖြစ်ပြီး စီးပွားရေးနှင့် နိုင်ငံတကာရေးရာ ကဏ္ဍမှ ကျွမ်းကျင်သူများ၏ သုံးသပ်အကြံပြုချက်များကို နားထောင်သွားမည်ဖြစ်သည်။
အစိုးရအနေဖြင့် ကနေဒါ၏ နိုင်ငံခြားကုန်သွယ်ရေးနှင့် ကာကွယ်ရေး ဆက်ဆံရေးများအား ကဏ္ဍပေါင်းစုံမှ လျှင်မြန်စွာ တိုးချဲ့မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ “ပြင်းထန်သော ပြင်ပစိန်ခေါ်မှုများ” နှင့် ရင်ဆိုင်နေရသော်လည်း အစိုးရအနေဖြင့် သတ်မှတ်ထားသော မူဝါဒလမ်းစဉ်ကို ပြောင်းလဲမည်မဟုတ်ကြောင်း မာ့ခ်ကာနီက ပြောကြားခဲ့သည်။
အမေရိကန်ထံမှ “အကြောင်းမဲ့ပြီး အခြေအမြစ်မရှိသော စည်းကြပ်ခွန်များ” ကို ရင်ဆိုင်ရာ၌ ကနေဒါအစိုးရသည် လုပ်သားများနှင့် လုပ်ငန်းကုမ္ပဏီများကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ကျွမ်းကျင်မှုသင်တန်းများ လေ့ကျင့်ပေးခြင်းနှင့် ကဏ္ဍစုံဈေးကွက်သစ်များ တိုးချဲ့ရာတွင် ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသည် မိတ်ဖက်နိုင်ငံ တစ်ခုတည်းအပေါ် မှီခိုနေရမှု လျော့နည်းလာနေပြီဖြစ်ကြောင်း ထိုနေ့ တန်ပြန်စည်းကြပ်ခွန် အသက်မဝင်မီ အကြိုနေ့အဖြစ် ထုတ်ပြန်သော အလုပ်သမားနေ့ သဝဏ်လွှာတွင် မာ့ခ်ကာနီက ပြောကြားခဲ့သည်။
အငယ်စား၊ အလတ်စား လုပ်ငန်းများသည် ကနေဒါနှင့် အမေရိကန်ကြား ယခုတစ်ကြိမ် ကုန်သွယ်ရေးစစ်ပွဲတွင် အကြီးမားဆုံး ထိခိုက်ခံရသည့် အုပ်စုများအနက် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ကနေဒါမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အစောပိုင်း စည်းကြပ်ခွန် ကောက်ခံမှုများသည် အဓိကအားဖြင့် အထွေထွေကုန်စည်များနှင့် မော်တော်ယာဉ် စသည့်ကဏ္ဍများကို သက်ရောက်မှုရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ အခက်အခဲနှင့် ရင်ဆိုင်နေရသော ကနေဒါ ပြည်တွင်း အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များကို တိုက်ရိုက်ရိုက်ခတ်စေကြောင်း ကနေဒါ လွတ်လပ်သော စီးပွားရေးအဖွဲ့ချုပ် (CFIB) ဥက္ကဋ္ဌ Dan Kelly က ထောက်ပြပြောဆိုခဲ့သည်။
ကနေဒါနှင့် အမေရိကန်တို့၏ ကုန်သွယ်ရေး ဆွေးနွေးပွဲများသည် ဩဂုတ်လနှောင်းပိုင်းတွင် ပျက်ပြားသွားခဲ့ပြီးနောက် အမေရိကန်က အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိ ကနေဒါကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည်။ (Xinhua)
------------------
(Chinese Version)
加拿大对美反制关税正式生效
新华社渥太华9月8日电(记者林威)加拿大政府针对美国加征关税的反制措施8日凌晨正式生效。加方对钢铁、乳制品、农用设备、纸浆及电子产品等美国进口商品开始征收等额反制关税。
加拿大总理卡尼7日晚宣布,加拿大政府将于10日至11日在艾伯塔省班夫举行内阁规划会议。会议将评估现有施政规划的推进成效,听取经济及国际事务领域专家的分析建议。
卡尼表示,政府在快速推进加拿大对外贸易与防务关系的多元化发展。面对“严重的外部逆风”,政府不会改变既定方针。
同日,卡尼在反制关税生效前夕发表的劳工节声明中说,面对来自美国“毫无道理且毫无根据的关税”,加拿大政府保护工人与企业,帮助他们进行技能培训,拓展多元市场。加拿大对单一伙伴的依赖在减少。
据加媒报道,中小企业将是加美本轮贸易战的最大受害群体之一。加拿大独立商业联合会主席丹·凯利指出,之前几轮关税主要影响大宗商品和汽车等领域,而这一轮则直接冲击加拿大处境艰难的中小企业主。
加拿大和美国的贸易谈判8月下旬宣告破裂,美国对价值200亿美元的加拿大商品征收50%的关税。
图说 1 : 9月8日,在加拿大安大略省尼亚加拉瀑布的加美边境地带,卡车通过刘易斯顿-昆斯顿桥开往加拿大。新华社发(邹峥摄)








