ဂျပန်နိုင်ငံ တိုကျိုမြို့၌ အချိန်နှင့်တစ်ပြေးညီ ငွေလဲလှယ်နှုန်းများ ဖော်ပြပေးသော အီလက်ထရောနစ် ဖန်သားပြင် ရှေ့မှ လမ်းလျှောက်သွားသူတစ်ဦးအား ၂၀၂၄ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့၌ အချိန်နှင့်တစ်ပြေးညီ ငွေလဲလှယ်နှုန်းများ ဖော်ပြပေးသော အီလက်ထရောနစ် ဖန်သားပြင် ရှေ့မှ လမ်းလျှောက်သွားသူတစ်ဦးအား ၂၀၂၄ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မကြာသေးမီက ဂျပန်အစိုးရနှင့် ဗဟိုဘဏ်တို့၏ နိုင်ငံခြားငွေလဲဈေးကွက်ကို ဝင်ရောက်စွက်ဖက်ခြင်း စသည့် အကြောင်းရင်းများ၏ သက်ရောက်မှုကြောင့် ဩဂုတ်လကုန်အထိ ဂျပန်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၂၁ ထရီလီယံခန့်သို့ လျော့ကျသွားခဲ့ပြီး ဇူလိုင်လကုန်နှင့်နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ ၇၉.၅၇၅ ဘီလီယံ လျော့နည်းသွားခဲ့ရာ လျော့နည်းမှု ပမာဏမှာ ၆.၁၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး နှိုင်းယှဉ်ချက် ကိန်းဂဏန်းများ ရှိခဲ့စဉ်မှစ၍ လအလိုက် လျော့နည်းမှု ပမာဏ အကြီးမားဆုံး စံချိန်သစ်တင်ခဲ့ကြောင်း ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များ၌ ဖော်ပြထားသည်။

ကိန်းဂဏန်းအချက်အလက်များအရ ဂျပန်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေ ပမာဏမှာ ၄ လဆက်တိုက် လျော့ကျခဲ့ခြင်းဖြစ်ပြီး အမေရိကန် အစိုးရကြွေးမြီစာချုပ် စသည့် ငွေချေးသက်သေခံလက်မှတ်များ ပိုင်ဆိုင်မှု ပမာဏ လျော့နည်းသွားခြင်းမှာ ဂျပန်နိုင်ငံ နိုင်ငံခြားအရန်ငွေ ပမာဏ လျော့ကျသွားရသည့် အဓိက အကြောင်းရင်းဖြစ်သည်။ ဩဂုတ်လကုန်အထိ ဂျပန်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေများအနက် ငွေချေးသက်သေခံလက်မှတ် ပိုင်ဆိုင်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၃၉.၅၅၉ ဘီလီယံ ရှိခဲ့ပြီး ဇူလိုင်လကုန်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၈၇.၇၇၃ ဘီလီယံ လျော့နည်းသွားခဲ့သည်။

ဂျပန်အစိုးရနှင့် ဗဟိုဘဏ်တို့သည် အမေရိကန် အစိုးရကြွေးမြီစာချုပ် စသည့် ပိုင်ဆိုင်မှုများကို ရောင်းချကာ နိုင်ငံခြားငွေလဲဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ရန် အမေရိကန်ဒေါ်လာ စုဆောင်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း စျေးကွက် လေ့လာဆန်းစစ်သူများက ယူဆကြသည်။

ဂျပန်ယန်းနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ဆက်တိုက်ဆိုသလို သိသာထင်ရှားစွာ ကျဆင်းသွားခဲ့သဖြင့် ဂျပန်နှင့် အမေရိကန်တို့သည် မကြာမီက နိုင်ငံခြားငွေလဲစျေးကွက်အတွင်း ပူးပေါင်းဝင်ရောက်စွက်ဖက်ကာ ဂျပန်ယန်း လဲလှယ်နှုန်း တည်ငြိမ်စေရန် ကြိုးပမ်းခဲ့ကြသည်။ ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၂၆ ရက်အထိ ဂျပန်နိုင်ငံ၏ နိုင်ငံခြားငွေလဲစျေးကွက်အတွင်း ဝင်ရောက်စွက်ဖက်မှု ပမာဏ စုစုပေါင်းမှာ ယန်း ၁၅.၄၀ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၉၆.၅ ဘီလီယံခန့်) ရှိခဲ့ကြောင်း ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာနက ယခင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းအချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

-------------------

(Chinese Version)

日本外汇储备8月降幅刷新纪录

  新华社东京9月7日电(记者李诗萌 蓝建中)日本财务省7日公布的数据显示,受近期日本政府和央行实施外汇干预等因素影响,截至8月末,日本外汇储备降至约1.21万亿美元,较7月末减少795.75亿美元,降幅达6.18%,创有可比数据以来最大月度降幅。

  数据显示,日本外汇储备已连续4个月下降,美国国债等证券持有量减少是日本外汇储备下降的主要原因。截至8月末,日本外汇储备中证券资产为8395.59亿美元,较7月末减少877.73亿美元。

  市场分析人士认为,日本政府和央行可能通过出售美国国债等资产筹集美元,用于干预外汇市场。

  由于日元对美元汇率持续大幅走低,日本和美国近期联手干预外汇市场,试图稳定日元汇率。日本财务省此前公布数据显示,7月30日至8月26日,日本实施外汇干预规模累计约为15.40万亿日元(约合965亿美元)。

图说 1 :2024 年6月24日,行人走过日本东京一处显示实时汇率的电子屏幕。新华社记者 张笑宇 摄