
တိုကျို၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် စက်တင်ဘာ ၇ ရက်တွင် အရှေ့တရုတ်ပင်လယ်၌ “Freedom Edge” ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခဲ့ရာ စက်တင်ဘာ ၁၁ ရက်အထိ ဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါ သက်ဆိုင်ရာလှုပ်ရှားမှုမှာ ဂျပန်နိုင်ငံ အရပ်ဘက်အစုအဖွဲ့များ၏ ဆန့်ကျင်ကန့်ကွက်ခြင်းခံခဲ့ရသည်။
ဂျပန် Jiji Press သတင်းဌာနက ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပူးတွဲစစ်ဦးစီးဌာန၏ သတင်းကို ကိုးကား၍ ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်က စေလွှတ်သည့် Aegis ဖျက်သင်္ဘော JS Atago ၊ P-1 ကင်းလှည့်ယာဉ်အပြင် ၎င်းတို့သုံးနိုင်ငံကလည်း ရေယာဉ်၊ စစ်လေယာဉ် စသည့် စက်ပစ္စည်းများလည်း ထည့်ဝင်သွားမည်ဖြစ်ကြောင်း၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပင်လယ်ပြင် ဝေဟင် စစ်ဆင်ရေးနှင့် အာကာသ၊ အင်တာနက် စသည့်ကဏ္ဍစုံတွင်လည်း လုပ်ဆောင်သွားမည်ဖြစ်ရာ တစ်သားတည်း လေကြောင်းရန် ကာကွယ်ရေးနှင့် ပဲ့ထိန်းဒုံးကျည်တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တိုးချဲ့ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သတင်းဖော်ပြထားသည်။
ဂျပန် NHK သတင်းဌာနက ယင်းသည် အဆိုပါသုံးနိုင်ငံက စတုတ္ထအကြိမ်မြောက် “Freedom Edge” ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အမေရိကန်နှင့် တောင်ကိုရီးယား၏ ယခင်လက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပမာဏကို လျှော့ချထားရာ သုံးနိုင်ငံအနေဖြင့် ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုမှတစ်ဆင့် အပြန်အလှန်အကြား ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအား ထပ်မံအတည်ပြုရန် မျှော်လင့်ကြောင်း သတင်းဖော်ပြထားသည်။
ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုသည် ဂျပန်နိုင်ငံ အရပ်ဘက်၏ ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်စေခဲ့သည်။ စက်တင်ဘာ ၇ ရက် ညပိုင်းတွင် ဂျပန်အရပ်ဘက်အဖွဲ့အစည်းအချို့က တိုကျိုမြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာန တံခါးဝရှေ့တွင် ဆန့်ကျင်ကန့်ကွက်ရေးလှုပ်ရှားမှု စီစဉ်လုပ်ဆောင်ခဲ့သည်။ ယင်းအဖွဲ့အစည်းက ထိုကဲ့သို့အမျိုးအစား စစ်ရေးလေ့ကျင့်မှုသည် “အရှေ့အာရှ စစ်ရေးတင်းမာမှုကို အဆုံးစွန်အထိ တွန်းပို့လိုက်ခြင်းဖြစ်ပြီး အလွန်အမင်း အန္တရာယ်များသော လှုပ်ရှားမှု” ဖြစ်ကြောင်း၊ သက်ဆိုင်ရာ လှုပ်ရှားမှုကို မဖြစ်မနေ ဆန့်ကျင်ကန့်ကွက်၍ ငြိမ်းချမ်းသော အရှေ့အာရှဒေသကို အတူတကွ တည်ဆောက်ရမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
日美韩在东海举行“自由之刃”联合军演
新华社东京9月7日电(记者李子越 陈泽安)日本、美国和韩国7日在东海举行“自由之刃”联合军演,将持续至11日。相关动向引发日本民间团体抗议。
日本时事社援引日本防卫省统合幕僚监部消息称,此次联合军演中,除了日本派出宙斯盾舰“爱宕”号、P-1巡逻机以外,三国还将投入舰艇、战斗机等装备。联合军演将围绕海空作战以及太空、网络等多个领域展开,并推动扩大一体化防空反导合作。
日本广播协会称,这是三国第四次举行“自由之刃”联合军演。美韩上月的联合军演规模有所缩减,三国希望通过此次军演再次确认彼此间的合作关系。
此次军演在日本民间引发反对。7日晚,有日本民间团体在位于东京的防卫省门前组织抗议活动。该团体发表声明称,此类军演“将把东亚军事紧张推向极限,是极其危险的行动”;必须反对相关行动,共同建设和平的东亚。(完)
图说:3月28日,美国海军“福特”号核动力航母驶入克罗地亚斯普利特港口水域。新华社发(Pixsell图片社/兹沃尼米尔摄)








