
တီဟီရန်/ ဆိုးလ်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီ က စက်တင်ဘာ ၇ ရက်တွင် လူမှုမီဒီယာ၌ အခြားနိုင်ငံများအနေဖြင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် အမေရိကန်၏ ကျူးကျော်မှုလုပ်ရပ်များတွင် “ကြံရာပါ” မဖြစ်ရန် သတိပေးခဲ့သည်။ တောင်ကိုရီးယား Yonhap သတင်းဌာန၏ ထိုနေ့ သတင်းဖော်ပြချက်တွင် လွန်ခဲ့သည့်သီတင်းပတ်က တောင်ကိုရီးယားအစိုးရသည် ဟော်မုဇ်ရေလက်ကြားသို့ စစ်တပ်များစေလွှတ်ရန် ဆောင်ရွက်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုအခါ “ဆုံးဖြတ်ချက်မချရသေး” ဟူသော သတိထားသည့်ရပ်တည်ချက်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ဘဂါအီက ထိုနေ့တွင် ကိုရီးယားဘာသာဖြင့် ပို့စ်ရေးသားကာ အီရန်သည် တောင်ကိုရီးယားနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အထူးအလေးထားကြောင်း ပြောကြားခဲ့သည်။ သို့သော် ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားတွင် စစ်ရေးအရ တည်ရှိနေမှုကို ထိန်းသိမ်းထားသော သို့မဟုတ် စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်သော နိုင်ငံများကို “ကျူးကျော်သူကို တိုက်ရိုက်ထောက်ခံသူများအဖြစ်သာ ရှုမြင်ခံရမည်ဖြစ်ပြီး ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေမည်” ဟု ၎င်းက ပြောကြားခဲ့သည်။
တောင်ကိုရီးယားမီဒီယာအများအပြားက စက်တင်ဘာ ၄ ရက်တွင် တောင်ကိုရီးယားစစ်တပ်သည် ဟော်မုဇ်ရေလက်ကြားသို့ စစ်တပ်များစေလွှတ်ရန် ဆောင်ရွက်နေကြောင်း၊ စစ်တပ်စေလွှတ်ရန်အတွက် တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်၊ နိုင်ငံတော်ကောင်စီ၏ အတည်ပြုချက်နှင့် လွှတ်တော်၏ သဘောတူညီချက်တို့ လိုအပ်ကြောင်း၊ သက်ဆိုင်ရာ အဆိုပြုချက်ကို အစောဆုံးအနေဖြင့် ယခုလအတွင်း လွှတ်တော်သို့ တင်သွင်းနိုင်ဖွယ်ရှိကြောင်း သတင်းဖော်ပြခဲ့သည်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနသည် လွန်ခဲ့သည့်သီတင်းပတ်က တပ်စေလွှတ်ရေးကိစ္စနှင့် ပတ်သက်၍ “သင့်လျော်သောအချိန်တွင် လူသိရှင်ကြား ထုတ်ပြန်မည်” ဟု ပြောကြားခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းများ တိုးတက်မှုရှိနေကြောင်း အရိပ်အမြွက်ဖော်ပြခဲ့သော်လည်း ယခုအခါ “ဆုံးဖြတ်ချက်မချရသေး” ဟူသော သတိထားသည့်ရပ်တည်ချက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြောင်း Yonhap သတင်းဌာနက စက်တင်ဘာ ၇ ရက်တွင် ဖော်ပြထားသည်။ Yonhap သတင်းဌာန၏ သုံးသပ်ချက်အရ တောင်ကိုရီးယားအာဏာရပါတီအတွင်း စစ်တပ်စေလွှတ်ရေးကိစ္စနှင့် ပတ်သက်၍ သဘောတူညီမှုမရရှိသေးသောကြောင့် စစ်တပ်စေလွှတ်ရေး အဆိုပြုချက်ကို မကြာမီတွင် လွှတ်တော်သို့ တင်သွင်းနိုင်ရန် အလားအလာ သိပ်မရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တောင်ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများစွာသည် စက်တင်ဘာ ၇ ရက်တွင် အိမ်ပြာတော်ရှေ့၌ လူထုစုဝေးပွဲ ပြုလုပ်ကာ တောင်ကိုရီးယားအနေဖြင့် ဟော်မုဇ်ရေလက်ကြားသို့ စစ်တပ်များစေလွှတ်ခြင်းကို ကန့်ကွက်ခဲ့ကြောင်းလည်း Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။ (Xinhua)
.............................
(Chinese Version)
伊朗警告勿当美国“帮凶” 韩国对是否派兵转谨慎
新华社德黑兰/首尔9月7日电 伊朗外交部发言人巴加埃7日在社交媒体发文,警告其他国家不要军事介入霍尔木兹海峡,成为美国侵略行径的“帮凶”。韩联社当天报道说,上周有消息称韩国政府正在推进向霍尔木兹海峡派兵,如今又回到了“尚未作出决定”的谨慎立场。
巴加埃当天用韩文发帖说,伊朗高度重视与韩国的友好关系。但是在波斯湾和霍尔木兹海峡维持军事存在或参与军事行动的国家“只能被视为直接支持侵略者,并将引发严重后果”。
韩国多家媒体4日报道,韩国军方正在推进向霍尔木兹海峡派兵。派兵需由韩国国家安全保障会议作出决定、国务会议审议通过以及获得国会同意。相关议案最早可能于本月内提交至国会。
韩联社7日报道,韩国国防部上周就派兵问题表示“将在适当的时候对外公布”,暗示相关工作已有进展,但如今又回到了“尚未作出决定”的谨慎立场。韩联社分析说,由于韩国执政党内部尚未就派兵问题达成共识,派兵议案近期得以向国会提交的可能性似乎不大。
韩联社还报道称,韩国多个民间组织7日在青瓦台前举行集会,反对韩国向霍尔木兹海峡派兵。(完)
图说:8月3日,在伊朗首都德黑兰,伊朗外交部发言人巴加埃出席例行新闻发布会。新华社记者 沙达提 摄








