
ကိဗ်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၈ ရက် နံနက်အစောပိုင်း ၃ နာရီ မိနစ် ၃၀ မှ ၃၃ မိနစ်အတွင်း ယူကရိန်းမြို့တော် ကိဗ်မြို့၌ ပြင်းထန်သော ပေါက်ကွဲသံ နှစ်ကြိမ် ဆက်တိုက် ကြားခဲ့ရကြောင်း ဆင်ဟွာသတင်းဌာန သတင်းထောက်၏ သတင်းဖော်ပြချက်အရ သိရသည်။
ရုရှားစစ်တပ်၏ ဒုံးကျည်များနှင့် ဒရုန်းများသည် ကိဗ်ပြည်နယ်နှင့် ကိဗ်မြို့ဘက်သို့ ဦးတည်ရွေ့လျားလျက်ရှိကြောင်း ယူကရိန်း လေတပ်က လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြထားသည်။ (Xinhua)
-----------------
(Chinese Version)
乌克兰首都响起强烈爆炸声
新华社基辅9月8日电(记者李东旭)8日凌晨3时30分至33分,新华社记者在乌克兰首都基辅市听到两轮密集的爆炸声。乌克兰空军在社交媒体发文称,俄军导弹和无人机正在向基辅州和基辅市方向移动。
图说 : 这是6月2日凌晨在乌克兰首都基辅市拍摄的火光和浓烟。 新华社记者 李东旭 摄








